Epic and Lego partner to build a metaverse for kids

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.4.2022 | Epic နှင့် Lego တို့ အတူတကွပူးပေါင်း၍ ကလေးများအတွက် metaverse တစ်ခုကို တည်ဆောက်သွားရန်ရှိ

Entertainment လုပ်ငန်းနယ်ပယ်တွင် နာမည်ကျော်ကြားတဲ့ အကြီးဆုံးကုမ္ပဏီ ၂ ခုဖြစ်တဲ့ Fortnite developer Epic games နှင့် Lego တို့ဟာ အတူတကွပူးပေါင်း၍ ကလေးငယ်များအတွက်ရည်ရွယ်ထားသော virtual space တစ်ခုကို အတူတကွဖန်တီးလျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

Epic ရဲ့ CEO ဖြစ်သူ Tim Sweeney ကတော့ “ပျော်ရွှင်ဖွယ်ကောင်းပြီး၊ ဖျော်ဖြေမှုရသကို ပေးစွမ်းနိုင်ပြီး ကလေးငယ်များနဲ့ မိသားစုများအတွက် သီးသန့်ရည်ရွယ်ထားတဲ့ metaverse တစ်ခုကို ကျွန်ုပ်တို့အတူတကွပူးပေါင်း၍ တည်ဆောက်သွားရန် အလွန်ပဲ စိတ်အားတက်ကြွလျှက်ရှိနေပါတယ်” ဟူ၍ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ 

သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တော့ ကုမ္ပဏီ (၂) ခုစလုံးမှ - “Lego group နှင့် Epic Games တို့ဟာ သူတို့ရဲ့ အတွေ့အကြုံများကို အသေးစိတ်ကျကျပေါင်းစပ်ပြီး ဒီအင်တာနက်ရဲ့ နောက်ထပ်ဆင့်ကဲပြောင်းလဲမှုတစ်ခုတွင် ကလေးငယ်များရဲ့ ကြီးထွားတိုးတက်ရေးကို ရှေးရှုပြီး ဒီဇိုင်းရေးဆွဲတည်ဆောက်သွားမှာဖြစ်တယ်” ဟူ၍ ပြောကြားခဲ့ကြပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။