Environmental groups launched a new campaign to reduce energy consumption of Bitcoin

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.4.2022 | Bitcoin ရဲ့ စွမ်းအင်သုံးစွဲမှုများကို လျှော့ချပေးရန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားရေးအဖွဲ့များမှ campaign အသစ်တစ်ခု ပြုလုပ်၍ တောင်းဆိုခဲ့ 

Greenpeace နှင့် အခြားသော သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားရေးအဖွဲ့များဟာ Bitcoin ကွန်ယက်ကို ၎င်းတို့ရဲ့မြင့်မားလာလျှက်ရှိနေသော ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုများကို လျှော့ချသွားရန်တောင်းဆိုသည့် အနေနဲ့ campaign အသစ်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ 

အဆိုပါ campaign ကိုတော့ “Change the code, note the climate” ဟုအမည်ပေးထားပြီး ရည်ရွယ်ချက်ကတော့ Bitcoin များကို mining ပြုလုပ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုများကို အတည်ပြုပေးနိုင်ရန် စွမ်းအင်လွန်စွာသုံးစွဲနေရခြင်းကို လျှော့ချပေးသွားရန်ပဲဖြစ်ပါတယ်။ 

Cambridge Center for Alternative Finance ရဲ့အဆိုအရ Cryptocurrency များဟာ တစ်နှစ်တာ ရွှေတူးသည့်လုပ်ငန်း လုပ်ဆောင်ချက်များ (သို့မဟုတ်) နော်ဝေနိုင်ငံတစ်ခုလုံးတွင် သုံးစွဲနေသည့်လျှပ်စစ်စွမ်းအင်ပမာဏခန့်ထက်ပိုသော လျှပ်စစ်စွမ်းအင်ကို သုံးစွဲနေရတာဖြစ်ပါတယ်။ ဒီမျှများပြားသော စွမ်းအင်များကို သုံးစွဲနေရခြင်းကြောင့်လည်း များပြားလှသော ဖန်လုံအိမ်ဓါတ်ငွေ့များကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေပါတယ်။ သို့သော် အခြားသော Cryptocurrency များကတော့ အခြားသော system တစ်မျိုးကို ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ရာတွင် အသုံးပြုလျှက်ရှိနေတဲ့အတွက် Bitcoin တွင် လိုအပ်သောစွမ်းအင်သုံးစွဲမှုရဲ့ တစိတ်တပိုင်းခန့်ကိုသာ အသုံးပြုနေရတာဖြစ်တယ်လို့ အဆိုပါ campaign ကို စီစဉ်ပြုလုပ်သူများက ရှင်းလင်းပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။