Elon Musk threatens to walk away from Twitter deal

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.6.2022 | Twitter ကိုဝယ်ယူရန် သဘောတူညီထားမှုအား ဖျက်သိမ်းမည်ဟု Elon Musk မှပြောကြား 

Twitter က Elon Musk ရဲ့ user base နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပေးအပ်ရန်တောင်းဆိုမှုကို ငြင်းဆိုခဲ့တဲ့အတွက် Elon Musk က ၎င်းရဲ့ Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလျံဖြင့်ဝယ်ယူရန် သဘောတူညီချက်အားဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။ 

အာဏာပိုင်များထံ တင်ပြခဲ့သည့်စာတစ်စောင်တွင် Mr Musk က သူဟာ spam အကောင့်များကို သူကိုယ်တိုင်တိုင်းတာမှုပြုလုပ်ပိုင်ခွင့်ရှိသည့်တယ်လို့ ရေးသားထားခဲ့ပြီး ဒီစာဟာ Musk က သဘောတူညီချက်ကို သတင်းအချက်အလက်အချို့အတွက် ဆိုင်းငံ့တယ်လို့ ကြေငြာခဲ့ပြီးနောက် ရက်သတ္တပတ်အချို့အကြာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတစ်ခုကိုတရားဝင်တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ 

Twitter က ၎င်းတို့ရဲ့ ခန့်မှန်းခြေပြောကြားချက်ကို ခုခံခဲ့သော်လည်း Mr Musk က အကောင့်အတုများဟာ Twitter က ကြေငြာထားသည့် နေ့စဉ်အသုံးပြုနေသည့် Daily active user စုစုပေါင်းရဲ့ ၅% ထက်ပိုမိုများပြားလိမ့်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ 

“Twitter ရဲ့ ပိုင်ရှင်အသစ်ဖြစ်လာမည့် Mr Musk အနေနဲ့ ဒီတောင်းဆိုထားတဲ့အချက်အလက်များကို သိရှိဖို့ လုံးဝလိုအပ်ပါတယ်။ ဒါမှသာ Twitter ရဲ့ လုပ်ငန်းကို သူ့ရဲ့ပိုင်ဆိုင်မှုအဖြစ်သို့ပြောင်းလဲနိုင်ဖို့နှင့် ငွေကြေးထောက်ပံ့မှုများကို ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စရပ်များကို ပြုလုပ်နိုင်ဖို့အတွက် သူဟာ Twitter ရဲ့ business model ဖြစ်တဲ့ ၎င်းတို့ရဲ့ active user ပမာဏ ကို ပြည့်စုံပြီး တိကျစွာသဘောပေါက်နားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟူ၍ Musk ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ Mike Ringler က အဆိုပါစာအတွင်းတွင် ရေးသားထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။