Elon Musk sells $8.5bn worth of Tesla shares

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.5.2022 | Elon Musk မှ ကန်ဒေါ်လာ ၈.၅ ဘီလျံတန်ကြေးရှိ Tesla ရဲ့ ရှယ်ယာများကို ရောင်းချခဲ့

Tesla ရဲ့ CEO ဖြစ်သူ Elon Musk ဟာ Tesla ရဲ့ ရှယ်ယာများ (ကန်ဒေါ်လာ ၈.၅ ဘီလျံခန့်) ကို Twitter အား ဝယ်ယူဖို့ သဘောတူညီချက်ပြုလုပ်ပြီး ရက်အနည်းငယ်အကြာတွင် ရောင်းချမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ 

ဒီကဲ့သို့ ရှယ်ယာများရောင်းချမှုဟာ Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလျံဖြင့် ဝယ်ယူရန်အတွက် လိုအပ်တဲ့ ပမာဏကို ဖြည့်တင်းနိုင်ဖို့အတွက်ဖြစ်နိုင်ကြောင်း အချို့ကတော့ ပြောကြားလျှက်ရှိနေပြီး Twitter ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဟာ Musk ရဲ့ ဝယ်ယူရန်ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ဧပြီလ ၂၅ ရက်နေ့က လက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ 

ယခုအပတ်အစောပိုင်းကလည်း Musk ဟာ Tesla ရဲ့ ရှယ်ယာများကို ရောင်းချသွားမှာဖြစ်တယ်ဆိုတဲ့ ကောလဟာလများကြောင့် Tesla ရဲ့ ရှယ်ယာဈေးနှုန်းများ ကျဆင်းမှုဖြစ်ပွားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။