Elon Musk says he would reverse the perma ban on Donald Trump

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.5.2022 | Elon Musk မှ Donald Trump ကို Twitter ပေါ်မှ ရာသက်ပန် ban ထားခြင်းကို ပြန်လည်ဖြေလျှော့ပေးသွားမည်ဟုဆို 

Twitter ကို ဝယ်ယူဖို့ Elon Musk ကပြုလုပ်နေဆဲကာလတွင် မေးစရာရှိနေတဲ့မေးခွန်းတစ်ခုကတော့ Donald Trump ရဲ့အကောင့်ကို ဘာတွေအကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ သမ္မတဟောင်း Donald Trump ရဲ့ အကောင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ Jack Dorsey မှ Twitter ရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေဆဲကာလတွင် “အကြမ်းဖက်မှုလုပ်ရပ်များကို ပိုမိုဖြစ်ပွားစေနိုင်သည့်အတွက်” ဟုဆိုကာ ရာသက်ပန် Twitter platform ပေါ်မှ ban ပြုလုပ်ခြင်းခံခဲ့ရပါတယ်။ 

Financial Times သတင်းဌာနနဲ့ online ပေါ်မှပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုတွင်တော့ လက်ရှိ Tesla နှင့် Space X ရဲ့ CEO ဖြစ်သူ Elon Musk က အဆိုပါ ban ပြုလုပ်ခြင်းနှင့်အတူ သူ့အနေနဲ့ Twitter ကို ဝယ်ယူနိုင်ခဲ့ပြီဆိုပါက ဘာတွေဖြစ်လာနိုင်မလဲဆိုသည့်ကိစ္စများနှင့် ဆက်လျင်း၍ အောက်ပါအတိုင်း တုန့်ပြန်ဖြေကြားမှုပြုလုပ်ခဲ့ပါတယ်။

“လက်ရှိအချိန်မှာတော့ ကျနော့်အနေနဲ့ Twitter ကို အတိအလင်းပိုင်ဆိုင်မှုမရှိသေးတဲ့အတွက် ဒါဟာ ဖြစ်ကိုဖြစ်လာမယ့်အရာတစ်ခုတော့မဟုတ်သေးပါဘူး” “ဒါပေမယ့် ကျနော့်ရဲ့အဖြေကတော့ ဒီလို ရာသက်ပန် ban ထားခြင်းကို ပြန်လည်ဖြေလျှော့ပေးသွားချင်ပါတယ်။ Perma ban ပြုလုပ်ခြင်းဟာ bot များနှင့် spam ပြုလုပ်ခြင်းများအတွက်မှလွဲ၍ အခြားသူများအတွက် ရှိမနေသင့်ပါဘူး” ဟူ၍ Musk က ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။