Elon Musk’s Starlink Satellite Internet Network will double in speeds later this year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.2.2021 | Elon Musk ရဲ့ Starlink Satellite Internet Network ဟာာ ယခုနှစ်အတွင်း မြန်နှုန်း ၂ ဆ တိုးမြင့်လာမည်ဖြစ်

“The Verge” သတင်းစာမှ ဆောင်းပါးတစ်ပုဒ်အရ Elon Musk ရဲ့ tweet တစ်ခုတွင် SpaceX ရဲ့ satellite အခြေခံအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သော Starlink ဟာ ယခုနှစ်နှောင်းပိုင်းခန့်တွင် မြန်နှုန်း ၂ ဆ အထိ တိုးမြင့်မှုရှိလာမှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ သူတို့ဟာ လက်ရှိမှာတော့ 50 မှ 150 Mbps အထိ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုများကို ရောင်းချပေးလျှက်ရှိနေပြီး။ Musk ရဲ့ ပြောဆိုပုံအရ သူတို့အနေနဲ့ 300 Mbps အထိ တိုးမြှင့်သွားနိုင်ဖွယ်ရှိနေပါတယ်။ 

300 Mbps ဆိုသည်မှာ ကျွန်ုပ်တို့လုံးဝမကြားဖူးတဲ့ အလွန်မြန်ဆန်သောအင်တာနက်မြန်နှုန်းတစ်ခု မဟုတ်ပေမယ့်လည်း လက်ရှိအချိန်အထိ လူအများစုမှရယူအသုံးပြုနိုင်တဲ့အင်တာနက်လိုင်းများထက်တော့ များစွာမြန်ဆန်မှုရှိနေပါတယ်။ သူ့ရဲ့နောက်ထပ် tweet တစ်ခုတွင်တော့ Elon Musk မှ လူဦးရေထူထပ်မှု နည်းသောနေရာများမှ အလယ်အလတ်ခန့်ရှိသောနေရာများကို အဓိကပစ်မှတ်ထားရောင်းချဖို့အတွက်ကိုလည်း ပြောကြားထားခဲ့ပါတယ်။ 

Reply များတွင် Elon Musk မှ ပြန်လည်ဖြေကြားထားချက်များအရလည်း သူတို့ရဲ့ latency ဟာ 20ms အထိသာ ရှိတော့မှာဖြစ်ကြောင်း သိရှိခဲ့ရပြီး Starlink ရဲ့ official website မှလည်း စမ်းသပ်ကာလအဆင့် (beta phase) အတွင်းတွင် 20ms မှ 40ms အထိ latency ကို တွေ့ကြုံရနိုင်ကြောင်း ပြောကြားထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။