Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Elon Musk ဟာ Twitter ကို ရှယ်ယာတစ်ခုလျှင် ကန်ဒေါ်လာ ၅၄.၂၀ နှုန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့တယ်လို့ ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းများအရ သိရှိရပါတယ်။ Musk ရဲ့ ပြောကြားချက်အရ Twitter ဟာ တစ်ဦးတည်းပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲမှုပြုလုပ်ရန်လိုအပ်နေတယ်လို့ဆိုထားပြီး Musk က Twitter ကို စုစုပေါင်း ကန်ဒေါ်လာ ၄၃ ဘီလျံခန့်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
Musk ရဲ့ ပြောကြားချက်အရ “Twitter ဟာ လက်ရှိအခြေအနေအတိုင်းသာဆိုလျှင် ပိုမိုတိုးတက်နိုင်ဖို့ ခက်ခဲပြီး လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အားပေးထောက်ခံမှုပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက်” တစ်ဦးတည်းပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲဖို့လိုအပ်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။
“ဒါကြောင့် ကျွန်တော်ဟာ Twitter ကို ရှယ်ယာတစ်ခုလျှင် ကန်ဒေါ်လာ ၅၄.၂၀ နှုန်းဖြင့် ၁၀၀ ရာနှုန်းပြည့်ဝယ်ယူရန် ကမ်းလှမ်းလိုပါတယ်။ ဒီနှုန်းဟာ Twitter ရဲ့ ရှယ်ယာများကို ကျွန်တော် စတင်ဝယ်ယူမှုမပြုလုပ်မှီထက် ၅၄% ပိုမိုများပြားပြီး ကျွန်တော့ရဲ့ Twitter မှာ ရှယ်ယာဝယ်ယူမှုကို လူသိရှင်ကြား ကြေငြာပြီးနောက်ထက် ၃၈% ပိုမိုများပြားတဲ့နှုန်းတစ်ခုဖြစ်ပါတယ်”။ “ဒီကမ်းလှမ်းမှုဟာ ကျွန်တော့်ဘက်က အကောင်းဆုံးပေးနိုင်တဲ့ဈေးဖြစ်ပြီး နောက်ဆုံးဈေးလည်းဖြစ်ပါတယ်။ အကယ်လို့ ဒီကမ်းလှမ်းချက်ကို လက်မခံခဲ့ဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ ရှယ်ယာရှင်တစ်ဦးအနေနဲ့ ဆက်လက်ရှိနေဖို့ကို ပြန်လည်စဉ်းစားရမှာဖြစ်ပါတယ်” ဟူ၍ Musk က ရေးသားထားခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။