Elon Musk now has over 100 million Twitter followers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.7.2022 | Twitter ပေါ်တွင် Elon Musk ကို follow ပြုလုပ်သူပေါင်း သန်း ၁၀၀ ကျော်ရှိလာ 

Elon Musk ဟာ မကြာသေးမှီကပဲ Twitter ပေါ်တွင် follower ပေါင်း သန်း ၁၀၀ ကျော်အထိရှိလာခဲ့ပြီး Twitter platform ပေါ်တွင် follower သန်း ၁၀၀ နဲ့အထက်ရှိတဲ့ (၉) ခုမြောက် celebrity အကောင့်တစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ 

SocialBlade ရဲ့ သတင်းအရ Musk ဟာ ဒီ milestone ကို ဇွန်လ ၂၆ ရက်နေ့ နဲ့ ၂၇ ရက်နေ့ အတွင်းမှာရောက်ရှိခဲ့တာဖြစ်ပြီး အဆိုပါ ရက် ၂ ရက်အတွင်းမှာ follower ၁၅၀,၀၀၀ ခန့် ပိုတိုးလာခဲ့ပါတယ်။ ယခုအချိန်မှာတော့ Musk ဟာ follower စုစုပေါင်း ၁၀၀,၀၅၉,၈၈၆ ဦးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ 

Musk ဟာ လက်ရှိမှာ Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလျံဖြင့်ဝယ်ယူရန် ပြုလုပ်လျှက်ရှိနေပြီး သူဟာ လူသုံးများတဲ့ social media network များရဲ့ ဦးဆောင်သူများအကြား သူတို့ရဲ့ကိုယ်ပိုင် social media ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့သူတစ်ဦး ဖြစ်နေတဲ့အချက်ကြောင့် ဒီကဲ့သို့ follower အများအပြားကို ရရှိလာရခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ Facebook CEO Mark Zuckerberbg ရဲ့ Facebook စာမျက်နှာနဲ့ Instagram အကြီးအကဲ Adam Mosseri တို့ဟာ ၎င်းတို့စီမံခန့်ခွဲတဲ့ platform နှင့် ထိတွေ့မှု အနည်းငယ်သာရှိနေတာကို တွေ့ရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။