Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Business Insider News သတင်းများအရ Ellon Musk ရဲ့ SpaceX ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၅ရက်နေ့က သူတို့ရဲ့အရေးအကြီးဆုံး NASA mission တစ်ခုကို စတင်ပြုလုပ်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။
အဆိုပါ Program တွင် အာကာသယာဉ်မှူးများကို သူတို့ရဲ့ Crew Dragon အာကာသယာဉ်ဖြင့်တင်ဆောင်သွား မှာဖြစ်တယ်လို့ သိရှိရပါတယ်။ Crew-1 ဟု မှည့်ခေါ်ထားသော အဆိုပါပျံသန်းမှုဟာ SpaceX အဖို့ NASA အတွက်ထမ်းဆောင်ရတဲ့ ပထမဆုံး ကာလရှည် mission တစ်ခုဖြစ်ပြီး ကုမ္ပဏီအတွက် ကမ္ဘာ့ပတ်လမ်းအတွင်းသို့ ဒုတိယအကြိမ် လူသားများကိုပို့ဆောင်နိုင်ခြင်းလည်း ဖြစ်နေပြန်ပါတယ်။
အဆိုပါ Mission ဟာ အမေရိကန်နိုင်ငံမှ အာကာသအတွင်းသို့ လူသားများကိုစေလွတ်မှုတွင် အကြာဆုံးစံချိန်ဖြစ်သော Skylab mission မှ လွန်ခဲ့သော ၄၅နှစ်အကြာကတည်းကတင်ထားခဲ့သော ၈၄ရက်ကြာစံချိန်ကိုလည်း ချိုးနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်တွင်တော့ အာကသယာဉ်မှူးများဟာ ကမ္ဘာ့ပတ်လမ်းအတွင်းရှိ floating laboratory အပေါ်၌ နှစ်ဝက်ခန့် နေထိုင်နိုင်ဖို့အတွက်ကို မျှော်လင့်ထားလျှက်ရှိကြပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။