eBay will now pay directly to seller’s personal bank account instead of using PayPal

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.6.2021 | eBay မှ PayPal ကို ကြားခံအဖြစ် မထားရှိတော့ပဲ ရောင်းချသူများရဲ့ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ငွေပေးချေသွားမည်ဖြစ်

PayPal ကို eBay မှ အစောပိုင်း ၂၀၀၂ ခုနှစ်ကာလတွင် ဝယ်ယူခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါကုမ္ပဏီ ၂ ခုဟာ ထိုအချိန်တည်းကစတင်၍ အတူတကွလက်တွဲလုပ်ကိုင်ခဲ့ကြပါတယ်။ ယခုအခါ eBay အသုံးပြုခြင်းအတွက် စည်းမျဉ်းအသစ်များထွက်ရှိလာခဲ့ပြီး အဆိုပါစည်းမျဉ်းများအရ eBay အွန်လိုင်းလေလံရောင်းချမှု website ဟာ ရောင်းချသူများအား PayPal မှတဆင့်ငွေပေးချေရမည့်အစား ထိုသူများရဲ့ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ငွေပေးချေမှု ပြုလုပ်သွားရန်ရှိနေပါတယ်။ 

ဆိုလိုသည်မှာ eBay မှဝယ်ယူသူများအနေနဲ့ PayPal မှတစ်ဆင့် ငွေပေးချေမှုများကို ပြုလုပ်နိုင်ဦးမှာဖြစ်သော်လည်း ရောင်းချသူဖက်ကိုတော့ ရရှိလာသည့် ငွေပမာဏအား ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ သို့သော်လည်းအချို့သော ရောင်းချသူများကတော့ အဆိုပါပြောင်းလဲမှုကြောင့် သူတို့ရဲ့ဝန်ဆောင်မှုအား ဆက်လက်အသုံးမပြုဖို့အထိ ခြိမ်းခြောက်မှုများကိုပြုလုပ်ခဲ့ကြပါသေးတယ်။ eBay ရဲ့ forum site များပေါ်တွင် ရောင်းချသူများဖက်မှ ပြောဆိုချက်များအရ သူတို့ဟာ အဆိုပါစနစ်အသစ်ကိုအသုံးပြုရန်တွန့်ဆုတ်နေကြပြီး eBay အား သူတို့ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်များသို့ တိုက်ရိုက်စီမံခန့်ခွဲခွင့်ကို ပေးအပ်လိုခြင်းမရှိကြကြောင်း သိရှိရပါတယ်။ 

သို့သော်လည်း ဇွန်လ ၁ရက်နေ့မှစတင်၍ သက်ရောက်မှုရှိစေမှာဖြစ်တဲ့ အသစ်ထုတ်ပြန်လိုက်သော စည်းမျဉ်းများတွင် အဆိုပါ “managed payments” စနစ်ဟာ မဖြစ်မနေအသုံးပြုရမည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါအရာကိုအသုံးပြုရန် ငြင်းဆန်သော ရောင်းချသူများရဲ့ ရောင်းချမှု listing များကို ဖယ်ရှားခြင်းနှင့် ကန့်သတ်ခြင်းတို့ကို ကုမ္ပဏီဖက်မှ ပြုလုပ်နိုင်ခွင့်ရှိနေကြောင်း ရေးသားထားပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။