Dutch investigators hack Tesla’s driving data storage system

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.10.2021 | Dutch လူမျိုး စုံစမ်းစစ်ဆေးမှုအဖွဲ့မှ Tesla ရဲ့ driving data storage system သို့ hack ပြုလုပ်၍ ဝင်ရောက်ခဲ့ 

Dutch လူမျိုး ရာဇဝတ်မှုဖော်ထုတ်ရေးသုသေသနပညာရှင်များမှ Tesla ရဲ့ Data storage စနစ်ကို decrypt ပြုလုပ်ခဲ့ပြီး ကားတိုက်မှုဖြစ်စဉ်တစ်ခုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန် လွန်စွာအသုံးဝင်မှုရှိလာနိုင်တဲ့ အချက်အလက်များကို ဖော်ပြခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါအဖွဲ့ဟာ Autopilot အသုံးပြုထားသည့် Tesla ကားတစ်စီးမှ ထင်မှတ်မထားပဲ ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီးနောက် အခြားသောယာဉ်တစ်စီးကို အနောက်မှတိုက်မိခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေတာဖြစ်ပြီး Tesla မှ အချက်အလက်များကို တောင်းခံမည့်အစား အဆိုပါ Dutch လူမျိုး စုံစမ်းစစ်ဆေးမှုအဖွဲ့မှ ကုမ္ပဏီရဲ့‌ data log များကို reverse engineer ပြုလုပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ 

“ဒီဒေတာများတွင် အမှုစစ်ဆေးသူများနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုလေ့လာသူများအတွက် လွန်စွာအသုံးဝင်တဲ့ အချက်အလက်များပါဝင်နေပြီး လူသေစေနိုင်တဲ့ မတော်တဆဖြစ်ပွားမှုများ (သို့) ထိခိုက်အနာတရဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်စေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်” ဟူ၍ Netherlands Forensic Institute (NFI) တွင် Digital Investigator အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသူ Francis Hoogendijk မှ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။