During COVID-19 period, Walmart’s online sales in second-half of 2020 went up by a shocking 97%

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.8.2020 | ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း Walmart ရဲ့ အွန်လိုင်းကုန်သွယ်မှုရောင်းအားများ ၂၀၂၀ ဒုတိယနှစ်ဝက်တွင် ၉၇% အထိ တိုးတက်လာခဲ့ 

အမေရိကန် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့အပတ်အတွင်းက ထုတ်ပြန်ချက်အရ နိုင်ငံနှင့်အဝှမ်း အွန်လိုင်းကုန်သွယ်မှုရောင်းအားများဟာ ၃ လခန့်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် 30% ခန့်တိုးတက်လာခဲ့တယ်ဟုဆိုပါတယ်။ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်းတွင် အွန်လိုင်းပေါ်မှ ဈေးဝယ်ရာတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၁.၅ ဘီလျံခန့်အသုံးပြုခဲ့ကြပြီး ဒါဟာ ပထမနှစ်ဝက်ထက် ၃၁.၈% ပိုမိုများပြားလာတာပဲဖြစ်ပါတယ်။ 

အမေရိကန်ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Walmart ကလည်း သူတို့ရဲ့ အွန်လိုင်းပေါ်မှ ရောင်းအားများဟာ အွန်လိုင်းဈေးဝယ်သူများနဲ့  သူတို့ရဲ့ ပစ္စည်းယူရန်နှင့် အိမ်တိုင်ယာရောက်ပို့ပေးသည့်စနစ်များကြောင့် ၉၇% အထိတိုးတက်လာခဲ့တယ်ဟု ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အမေရိကန် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ အမေရိကန်ပြည်ထောင်စုအတွင်းရောင်းချမှုများ အားလုံးရဲ့ ၁၆.၁% ဟာ ယခုအခါ အွန်လိုင်းမှ ဝယ်ယူရောင်းချနေတာဖြစ်ပါတယ်။ 

ယခုအခါ Walmart ဟာ ပစ္စည်းများကိုလာရောက်ယူနိုင်မည့်နေရာပေါင်း ၃၄၅၀ ခန့်ကိုထားရှိထားပြီး ထိုအထဲကမှာ စတိုးဆိုင်ပေါင်း ၂၇၃၀ ကတော့ နေ့တွင်းချင်း အိမ်တိုင်ယာရောက်ပို့ပေးနိုင်ပါတယ်။ ဖေဖော်ဝါရီလမှစတင်ကာ ပစ္စည်းမှာယူနိုင်မည့်အချိန်များကိုလည်း ဖောက်သယ်များရဲ့လိုအပ်ချက်နဲ့ကိုက်ညီနိုင် စေရန်အတွက် ၃၀% အထိ တိုးမြှင့်ခဲ့တယ်ဟု သိရှိရပါတယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။