Due to Hong Kong national security laws, Tech Giants refused to comply

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.8.2020 | ဟောင်ကောင်ရဲ့ လုံခြံရေးစည်းမျဉ်းများကြောင့် နည်းပညာကုမ္ပဏီကြီးများက သဘောတူညီပေးရန်ငြင်းဆို

တရုတ်ပြည်မှ လက်တလောတွင်သတ်မှတ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာဥပဒေ (NSL) ကြောင့် ဟောင်ကောင်အစိုးရရဲ့ user request များကိုသဘောမတူလိုကြတဲ့နည်းပညာကုမ္ပဏီကြီးများရဲ့ အရေအတွက် ဟာမြင့်မား၍လာနေပါတယ်။ 

ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က ဟောင်ကောင်ရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလုံခြံရေးကော်မတီဟာ ဥပဒေ များကို ထုတ်ပြန်ခဲ့ပြီး အဆိုပါဥပဒေများဟာဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမယ်ဆိုတာကိုလည်း အတည်ပြုရှင်းလင်းခဲ့ပါတယ်။ “ရဲဝန်ထမ်းများဟာ အွန်လိုင်းပလက်ဖောင်းဝန်ဆောင်မှုပေးအပ်သည့်ကုမ္ပဏီများ ကို ထိုအရာများကိုအသုံးပြုလျှက်ရှိနေတဲ့သူများရဲ့အကြောင်း သတင်းအချက်အလက်များကို တောင်းခံနိုင်ခြင်း (သို့) အစိုးရအဖွဲ့အစည်းမှ အမျိုးသားရေးလုံခြုံမှုကို ထိခိုက်ပျက်ပြားစေတယ်လို့ယူဆတဲ့ အကြောင်းအရာများ ကို ပယ်ဖျက်ပေးသွားဖို့ကိုတောင်းဆိုနိုင်မှာဖြစ်ပါတယ်။” ဟူ၍ လူမှုအခွင့်အရေးဖောင်ဒေရှင်း၏ နည်းဗျူဟာ အကြံပေးသူတစ်ဦးဖြစ်သူ Jenny Wang မှ ပြောဆိုခဲ့ပါတယ်။ “ဒါဟာ အင်တာနက်လွတ်လပ်မှုနဲ့ ဟောင်ကောင် ဆန္ဒပြသူများမှ ယခင်နှစ်အတွင်း အားထားခဲ့ရတဲ့ anonymity ကိုအသုံးပြုပြီး စုဝေးဖို့နဲ့ အတွေးအမြင်များ ဖလှယ်နိုင်မှုအပေါ်ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ရပ်ပဲဖြစ်ပါတယ်။” 

ဟောင်ကောင်အစိုးရရဲ့ အဆိုပါတောင်းဆိုမှုကို ပထမဆုံးငြင်းဆိုခဲ့တဲ့ နည်းပညာကုမ္ပဏီကတော့ Telegram ဖြစ် ပါတယ်။ Telegram ဟာ ဟောင်ကောင်ဆန္ဒပြသသူများမှ အများဆုံးအသုံးပြုကြတဲ့ mobile ဖုန်း messenger app တစ်ခုဖြစ်ပြီး ထိုအရာကိုအသုံးပြုကာ ဆန္ဒပြမှုနည်းဗျူဟာများကိုဆွေးနွေးခြင်းကို ဇွန်လ၊ ၂၀၁၉ ခုနှစ်မှ စတင်ကာလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ၎င်း၏နောက်တွင်တော့ WhatsApp, Facebook, Google, Twitter, LinkedIn, Microsoft နှင့် Zoom တို့ကလည်း သဘောတူညီမှုပြုရန်ငြင်းဆိုခဲ့ပါတယ်။ 

ဗွီဒီယိုမျှဝေမှုပြုလုပ်နိုင်သည့် app တစ်ခုဖြစ်သော Tiktok ဟာလည်း ဟောင်ကောင်ဈေးကွက်မှ နှုတ်ထွက်ဖို့ ကြံစည်နေကြောင်းကို ကြေငြာမှုတစ်ရပ်ထုတ်ပြန်ခဲ့ပါသေးတယ်။ 
 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။