Due to COVID-19 Delta Variant, Facebook Delays Office Reopening Until 2022

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.8.2021 | COVID-19 Delta မျိုးကွဲပြန့်ပွားမှုအခြေအနေများကြောင့် Facebook ရဲ့ရုံးခန်းများပြန်လည်ဖွင့်လှစ်မှုကို ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ရ 

COVID-19 ရဲ့ delta မျိုးကွဲ ပြင်းထန်စွာပျံ့နှံ့လာမှုကြောင့် အမေရိကရှိ Facebook ဝန်ထမ်းများအနေနဲ့ ရုံးသို့ပြန်လည်တက်ရောက်၍ အလုပ်လုပ်ရမည့်နေ့ကို နောက်နှစ်အတွင်းသို့ ရွှေ့ဆိုင်းပေးလိုက်ပြီဖြစ်ကြောင်း Facebook မှ Bloomberg သို့ အတည်ပြုပြောကြားခဲ့ပါတယ်။ 

“ကျွန်ုပ်တို့အတွက် အလုပ်လုပ်နိုင်ဖို့ ဒေတာအချက်အလက်များက နေ့ရက်များထက် ပိုမို၍အရေးပါလှပါတယ်။ လက်ရှိပြသနေတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်များအရ Delta မျိုးကွဲ COVID ရောဂါဖြစ်ပွားမှုနှုန်းများဟာ မြင့်တက်လျှက်ရှိနေတဲ့အတွက် US ရှိကျွန်ုပ်တို့ရဲ့ Team များအနေနဲ့ ဇန်နဝါရီလ ၂၀၂၂ ခုနှစ်အထိ ရုံးပြန်တက်စရာလိုဦးမှာမဟုတ်ပါဘူး။ ဒါဟာ အမေရိကပြင်ပရှိ အခြားသောနိုင်ငံများသို့လည်း မကြာမှီတွင် သက်ရောက်မှုရှိစေတော့မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး ရုံးပြန်လည်တက်ရတဲ့အခါမှာလည်း ဝန်ထမ်းများအားလုံးလုံခြုံမှုရှိစေရေးအတွက်ကို ဦးစားပေး၍လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟူ၍ Facebook မှ ပြောကြားခဲ့ပါတယ်။ 

ယခုနှစ်နွေဦးရာသီအတွင်း Microsoft, Uber နဲ့ Facebook တို့ဟာ ရုံးများပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်မှုများကိုပြုလုပ်နေခဲ့သော်လည်း ယခုအခါတွင် COVID-19 ကပ်ရောဂါရဲ့ Delta မျိုးကွဲပြန့်ပွားမှုနှုန်းဟာ အဆမတန်မြင့်မားလာနေတဲ့အတွက် ရုံးပြန်ဖွင့်မည့်ရက်များကို ကုမ္ပဏီများအားလုံးမှ ဇန်နဝါရီလ ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။