Doulinguo announced about the new updates in their annual conference

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.8.2021 | Duolinguo မှ နှစ်စဉ်အစည်းအဝေးတွင် နောက်ထပ်ပြုလုပ်သွားမည့် Update များကို ကြေငြာခဲ့ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ နှစ်ပတ်လည် Duocon အစည်းအဝေးတွင် Duolingo မှ သူတို့ရဲ့ ဘာသာစကားသင်ယူလေ့လာမှု app အတွက် update အချို့ကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ update များထဲမှ တစ်ခုကတော့ Family plan ဖြစ်ပြီး Duolingo Plus အား subscription တစ်ခုပြုလုပ်ရုံဖြင့် လူ ၆ ဦးအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ plan တွင် unlimited heart များနှင့် အခြားသော အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်ပြီး Subscribe ပြုလုပ်ထားသူများအနေနဲ့ ကြော်ငြာများကိုလည်း လုံးဝကြည့်ရှုစရာလိုတော့မှာ မဟုတ်ပါဘူး။ 

ပါဝင်လာမည့် လုပ်ဆောင်ချက်အသစ်များတွင် သင်ပြုလုပ်မိတဲ့ အမှားများကို ပြန်လည်၍ ကြည့်ရှုဆန်းစစ်နိုင်မယ်ံ့ hub တစ်ခုလည်း ပါဝင်လာမှာဖြစ်သလို သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို စမ်းသပ်နိုင်စေဖို့အတွက် ပိုမို၍အဆင့်မြင့်တဲ့ Legendary Level လည်း ပါဝင်လာမှာဖြစ်ပါတယ်။ Family Plan ကို ယခုအခါတွင် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၂၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး လစဉ်ပေးချေ၍ရနိုင်မယ့် payment option ကိုတော့ ခွင့်ပြုပေးထားခြင်းမရှိသေးပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။