Donald Trump has banned TikTok in the US

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.8.2020 | Donald Trump က အမေရိကန်နိုင်ငံတွင် TikTok ကိုအသုံးပြုခြင်းအား တားမြစ်ခဲ့ 

Donald Trump ဦးဆောင်တဲ့ အမေရိကန်နိုင်ငံရေးသမားများက TikTok ကို လုံခြုံရေးဆိုင်ရာ ပြဿနာတစ်ရပ်အနေနဲ့ မှတ်ယူခဲ့တာ ကာလအတန်ကြာခဲ့ပြီဖြစ်ပါတယ်။ 

TikTok ကို ယခင်ကတည်းက Donald Trump ဦးဆောင်တဲ့ အမေရိကန်နိုင်ငံရေးသမားများက တရုတ်အစိုးရဟာ ထိုအရာကိုအသုံးပြုကာ စုံစမ်းထောက်လှမ်းမှုများပြုလုပ်လာနိုင်တဲ့အတွက် အမေရိကန်နိုင်ငံအတွက် လုံခြုံရေးဆိုင်ရာပြဿနာတစ်ရပ်အဖြစ် မှတ်ယူနေခဲ့တာကြာပြီဖြစ်ပါ တယ်။  အဆိုပါ application ရဲ့နောက်ကွယ်က ကုမ္ပဏီဟာ တစ်သီးပုဂ္ဂလ ကုမ္ပဏီတစ်ခုဖြစ်နေ သော်လည်း ထိုနိုင်ငံအတွင်း ကွန်မြူနစ်ဝါဒကိုကျင့်သုံးနေသည့်အတွက်ကြောင့် လုံခြုံရေးအတွက် ဒီအချက်ဟာ စိတ်ချရတဲ့အချက်တစ်ခုမှတ်ယူ၍မရနိုင်ပါဘူး။ အမေရိကန်နိုင်ငံအပြင် အိန္ဒိယနိုင်ငံ တွင်လည်း အဆိုပါ application ကို လွန်ခဲ့သောအပတ်များက အသုံးပြုခြင်းအား တားမြစ်ခဲ့ပါသေး တယ်။ 

အမေရိကန်နိုင်ငံတွင် TikTok ကို အသုံးပြုခြင်းအား တားမြစ်လိုက်ခြင်းဟာ အဆိုပါကုမ္ပဏီအတွက် တော့ ကြီးစွာသောဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ပြီး သူတို့ကိုအခြားသူများက အသုံးပြုရန်ကောင်းမွန်တဲ့ အရာတစ်ခုမဟုတ်သည့်အလား မှတ်ယူသွားစေနိုင်ပါတယ်။ အဆိုပါလူမှုကွန်ယက်အတွင်းရှိ content အများစုဟာ အမေရိကန်အသုံးပြုသူများမှပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ထိုသူ များဟာ VPN နဲ့ အခြားသောလှည့်ကွက်များကိုအသုံးပြုပြီး အဆိုပါတားမြစ်မှုကိုကျော်လွှားနိုင်ပြီး ၎င်းလူမှုကွန်ယက်ကို ဆက်လက်အသုံးပြုနေနိုင်ပါသေးတယ်။ လူများစုအဖို့တော့ ၎င်းဟာ သင့်လျှော်တဲ့ဝင်ငွေတစ်ရပ်ကိုရရှိနိုင်တဲ့အရင်းအမြစ်တစ်ခုဖြစ်နေလို့ပါပဲ။ 
 

(Unicode)



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။