Disney+ Hits 103 Million Subscribers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.5.2021 | Disney+ သို့ Subscribe ပြုလုပ်လာသူပေါင်း ၁၀၃ သန်းခန့်ရှိလာပြီဖြစ်ကြောင်းကြေငြာ

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း Disney ဟာ သူတို့ရဲ့ Disney+ ထံသို့ နောက်ထပ် သန်းနဲ့ချီတဲ့ follower အချို့ ထပ်မံရရှိခဲ့ပြီး ယခုအခါတွင် စုစုပေါင်း subscribe ပြုလုပ်သူဦးရေဟာ ၁၀၃ သန်းခန့်ရှိလာပြီဖြစ်ပါတယ်။ Show အသစ်များဖြစ်တဲ့ WandaVision နဲ့ Falcon and the Winter Soldier တို့ကြောင့်လည်း ပရိသတ်များရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိလာခဲ့ပါတယ်။ 

“ယခုလို ကျွန်ုပ်တို့ရဲ့ လုပ်ငန်းစီးပွားရေးအသီးသီးမှာ အားတက်စရာတိုးတက်မှုတွေရှိလာတာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ကျွန်ုပ်တို့ရဲ့ operation များကို ပိုမိုလည်ပတ်နိုင်စေဖို့အတွက် အာရုံစိုက်သွားမှာဖြစ်ပြီး ကုမ္ပဏီအတွက် ရေရှည်တိုးတက်မှုများရှိလာစေဖို့အတွက် ရင်းနှီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟူ၍ Disney ရဲ့ CEO ဖြစ်သူ Bob Chapek က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုသွားခဲ့ပါတယ်။ 

ယခုနှစ် ၄ လတာကာလအတွင်းတွင်တော့ Disney အနေနဲ့ တိုးတက်မှုများကို ပြန်လည်တွေ့မြင်လာရပြီဖြစ်ပြီး ယခုအခါ Disney ရဲ့ ပန်းခြံများမှ အမြတ်ငွေ ကန်ဒေါ်လာ ၃.၂ ဘီလျံခန့်ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ယခင်နှစ်က တူညီသောကာလအပိုင်းအခြားအတွင်း ရရှိခဲ့တဲ့အမြတ်ငွေများထက် နည်းပါးနေသေးသော်လည်း လက်တလော ကာလအပိုင်းအခြားများနှင့် နှိုင်းယှဉ်လိုက်ပါက ပိုမိုကောင်းမွန်လာတာကို ပြသလျှက်ရှိနေပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။