Discord adds an autonomous moderation tool “AutoMod”

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.7.2022 | Discord တွင် အလိုအလျှောက်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှုများကို ပြုလုပ်ပေးနိုင်မည့် tool တစ်ခုအဖြစ် “AutoMod” ကို ထည့်သွင်းပေးခဲ့ 

ဇွန်လ ၁၆ ရက်နေ့တွင် Discord က လူသား Moderator များရဲ့ ဝန်ထုတ်ဝန်ပိုးကို ကူညီလျှော့ချပေးနိုင်ရန်အတွက် AutoMod လို့အမည်ပေးထားတဲ့ အလိုအလျှောက်စည်းကမ်းထိန်းသိမ်း ကြီးကြပ်မှုများကို ပြုလုပ်ပေးနိုင်မည့် Tool တစ်ခုကို ၎င်းတို့ရဲ့ platform ပေါ်တွင် လူအများအသုံးပြု၍ရနိုင်စေရန် ထည့်သွင်းပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

AutoMod ဟာ server များကို ကြိုတင်ရွေးချယ်ပေးထားသည့် စကားလုံးများနဲ့ စာကြောင်းများပါဝင်နေသလားဆိုသည်အား scan ဖတ်၍ စစ်ဆေးနိုင်ရန် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်၊ ပြီးနောက် အဆိုပါစာသားပါဝင်တဲ့ message ကို block ပြုလုပ်ခြင်း၊ Admin များကို အသိပေးခြင်းနဲ့ အဆိုပါစာသားရေးသားသူ User ကို အချိန်အကန့်အသတ်တစ်ခုဖြင့် ပိတ်ပင်ခြင်း အစရှိတဲ့လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

AutoMod ကို Official စတင်ထုတ်လွှင့်ပေးခြင်းအား ကြေငြာမှုနှင့်အတူ Discord ဟာ Server များအတွင်း Paid membership များကို offer ပြုလုပ်ပေးနိုင်မည့် Server အရေအတွက်ကိုလည်း တိုးမြှင့်ပေးခဲ့သလို ဒီ premium subscription များကို စီမံခန့်ခွဲနိုင်ဖို့အတွက် လုပ်ဆောင်ချက်အသစ်များကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။