Discord – a gaming communication channel is reportedly valued at $7 Billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.1.2021 | Gaming communication channel တစ်ခုဖြစ်တဲ့ Discord ဟာ အမေရိကန်ဒေါ်လာ ၇ ဘီလျံခန့် တန်ကြေးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များကဆိုခဲ့

Online virtual communication app တစ်ခုဖြစ်တဲ့ Discord ဟာ ယခုဆိုရင်ဖြင့် အမေရိကန်ဒေါ်လာ ၇ ဘီလျံခန့် တန်ကြေးရှိနေပြီပဲဖြစ်ပါတယ်။ ဒါက Discord ကို အချို့သော ဂိမ်းကုမ္ပဏီများထက်ပင် ပိုမို၍ တန်ကြေးမြင့်သွားစေခဲ့ပါတယ်။

Discord ဆိုသည်မှာ သူငယ်ချင်းများကို အသံဖြင့်ခေါ်ဆိုမှု (voice call) များအားဖြင့် ချိတ်ဆက်ပေးနိုင်သော online app တစ်ခုဖြစ်ပြီး Steam ကဲ့သို့သော video game launcher များနဲ့ပါ တွဲဖက်၍အသုံးပြု၍ရနိုင်စေတဲ့ app တစ်ခုပဲဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်းတွင် Discord ကဲ့သို့သော သူငယ်ချင်းများနဲ့ User များကို Online မှတဆင့် ချိတ်ဆက်ပေးနိုင်စွမ်းရှိသော app များဟာ ပိုမို၍အရေးကြီးလာခဲ့ပါတယ်။ Discord ကို ယခင်က Gamer များအတွက်သီးသန့် tool တစ်ခုအဖြစ်သာ ကြော်ငြာမှုများပြုလုပ်ခဲ့ပြီး ကိုယ်ပိုင် Game Store တစ်ခုကိုလည်း တည်ဆောက်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ Discord ကို အနုပညာရှင်များ၊ Community များ၊ Gamer များနဲ့ အခြားနယ်ပယ်မှအသုံးပြုသူများပါ ရှိလာပြီပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တွင်တော့ Discord က သူတို့ရဲ့ Game Store ကို ပိတ်သိမ်းခဲ့ပြီး၊ သူတို့ရဲ့အဓိကလုပ်ငန်းအပေါ်တွင်သာ အာရုံစိုက်မှုများပြုလုပ်ခဲ့တဲ့ နောက်မှာတော့ အသုံးပြုသူအရေအတွက်ဟာ ယခင်ကထက်ပိုမို၍ များပြားလာခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။