Dedicated Internet Access (DIA)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.4.2020 | တစ်ဦးတည်းအတွက်သာရည်ရွယ်သော အင်တာနက်အသုံးပြုမှု (Dedicated Internet Access)

Zawgyi

တစ်ဦးတည်းအတွက်သာရည်ရွယ်သော အင်တာနက်အသုံးပြုမှု (Dedicated Internet Access) သဘောတူညီချက်တွေဟာ ISP ( အင်တာနက်ဝန်ဆောင်မှုပေးသူ(Internet Service Provider) ) နှင့် သုံးစွဲသူများနေထိုင်ရာ (Premises) အကြား သီးသန့်ကွန်ယက်နှင့်ချိတ်ဆက်မှုပေးကို ဖော်ဆောင်ပေးပါတယ်။ ဆိုလိုသည်မှာ သင်ဝယ်ထားတဲ့ Bandwidth(အင်တာနက်မြန်နှုန်း) ကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်းပြုစရာမလိုပဲ သင်တစ်ယောက်တည်း အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ကြော်ငြာထားတဲ့ မြန်နှုန်းအတိုင်း ရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

DIA ဝန်ဆောင်မှုတွေမှာများသောအားဖြင့် ထောက်ပံ့ပေးထားတဲ့ Upload Speed နဲ့ Download Speed ကတူညီကြပါတယ်။ အကယ်၍သင်ဟာ ဖိုင်များကို Upload/ Download နှစ်မျိုးစလုံးကို အပြန်အလှန်ပြုလုပ်ပြီး၊ ရုံးခန်းသို့ အဝေးမှ ချိတ်ဆက်မှုများနှင့် Cloud ဝန်ဆောင်မှုများ၊ VoIP Telephone System (Voice over Internet Protocol) စနစ်အပါအဝင် Cloud ဝန်ဆောင်မှုတွေကိုချိတ်ဆက်အသုံးပြုပါက (သို့) ရုပ်သံ အစည်းအဝေးများပြုလုပ်ခြင်း (Video Conferencing) တို့ကို အသုံးပြုသူဖြစ်ပါက ဒီအချက်ဟာ အရေးပါတဲ့အတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။ SIA (Shared Internet Access) ဝန်ဆောင်မှုများမှာ DIA (Dedicated Internet Access) များနှင့်နှိုင်းစာလျှင် ပိုမိုနှေးကွေးသော upload speed (upload ပြုလုပ်သည့်အမြန်နှုန်း) များကြောင့် အလုပ်ပြီးမြောက်မှုစွမ်းရည်အပေါ် ဆိုးရွားတဲ့ထိခိုက်မှုများဖြစ်စေပါတယ်။ DIA များတွင်တော့ ထို့ကဲ့သို့ကန့်သတ်ချက်များ မရှိသလောက်နည်းပါးသည့်အတွက် သင့်ရဲ့ကွန်ယက်(Network) ဟာ အဝေးမှနေ၍ ဒေတာအချက်အလက်များကို သိမ်းဆည်းမှု ( Remote Data Backup) လိုမျိုး ဆက်တိုက်ဖိုင်ပေးပို့မှုတွေပြုလုပ်နိုင်မှာ ဖြစ်သလို ၊ ဗီဒီယို နှင့် အသံ (Audio) တွေကိုလည်း ပိုမိုညက်ညောအဆင်ပြေစွာ ထုတ်လွှင့်မျှဝေနိုင်မှာ ဖြစ်ပြီး စိတ်ချယုံကြည်နိုင် တဲ့ Cloudနှင့် ချိတ်ဆက်အသုံးပြုမှု (Cloud Connectivity)ကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

သင်ထင်တဲ့အတိုင်းဘဲ ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံး အင်တာနက်သုံးစွဲမှု (Dedicated Internet Access)ဟာ အင်တာနက်မျှဝေသုံးစွဲမှု (Shared Internet Access)ထပ် ပိုပြီးတော့ဈေးကြီးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူ တစ်ယောက်တည်းကဘဲ သူ့ရဲ့ချိတ်ဆက်အသုံးပြုမှုအတွက် ကုန်ကျစရိတ်အားလုံးကို ပေးဆောင်ရမှာ ကြောင့်ဘဲဖြစ်ပါတယ်။ လုပ်ငန်းသစ် (start-ups) အများစုနဲ့ အသေးစားစီးပွါးရေးလုပ်ငန်းတွေဟာ အစောပိုင်းကာလတွေမှာ ဒီလိုမြန်နှုန်းမျိုးကို အသုံးမပြနိုင်ကြပေမယ့် အချို့တွေအတွက်ကတော့ သိပ်ပြီးစဉ်းစားစရာမလိုတဲ့ ကိစ္စဘဲဖြစ်နေပါတယ်။ အကြောင်းကတော့ သူတို့ဟာစီးပွါးရေးလုပ်ငန်းဆိုင်ရာ ဦးစားပေး စီမံခန့်ခွဲရေး အဖွဲ့နှင့် ခိုင်မာယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုအဆင့် သဘောတူညီချက်တွေကြောင့် အတက်အကျမရှိယုံကြည်စိတ်ချရတဲ့ အင်တာနက်မြန်နှုန်း၊ အာမခံချက်ရှိတဲ့ အင်တာနက်အသုံးပြုနိုင်ချိန်၊ အမြင့်မားဆုံးအလုပ်ပြီးမြောက်နိုင်စွမ်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဦးစားပေးထောက်ပံ့ပေးမှု တွေကို ရရှိနိုင်ကြောင်းသေချာလို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် SIA ထက်စာလျှင် လုပ်ငန်းများတွင် တတ်နိုင်ပါက DIA ကိုရွေးချယ်ခြင်းက ကောင်းမွန်သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ 

Unicode




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။