Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဥရောပနိုင်ငံပေါင်းစုံ (European Union) အဖွဲ့ဝင်နိုင်ငံများအတွင်း Roaming ပြုလုပ်ခြင်းအတွက် အပိုဆောင်း ကျသင့်ငွေများ (Roaming Charges) ကို ၂၀၁၇ ခုနှစ်၊ ဂျွန်လအစောပိုင်းကပယ်ဖျက်ခဲ့ပါတယ်။ ရလာဒ်အနေနဲ့ ဥရောပနိုင်ငံပေါင်းစုံအဖွဲ့ ဝင်နိုင်ငံများမှ လူများဟာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံများမှဖုန်းကဒ်များကို နိုင်ငံရပ်ခြား တွင်ပိုမိုအသုံးပြုလာကြပြီး EU အဖွဲ့ဝင်နိုင်ငံများအတွင်း ခရီးသွားမှုများပြုလုပ်ရာတွင် အင်တာနက်ဒေတာ အသုံးပြုမှုနှုန်းကို သိသိသာသာတိုးတက်လာစေခဲ့ပါတယ်။
ဥရောပကော်မရှင်ရဲ့ လေ့လာချက်အရ အင်တာနက်ဒေတာအသုံးပြုမှုနှုန်းဟာ Roaming Charges များကို ပယ်ဖျက်မှုများမပြုလုပ်မှီက ယခင်နှစ်များနှင့်နှိုင်းစာလျှင် ၁၀ဆခန့်ပိုမိုတိုးတက်ခဲ့ပါတယ်။
နွေရာသီအားလပ်ရက်အတွင်းတွင် (၂၀၁၈ခုနှစ်ရဲ့ နောက်ဆုံး ၄လအတွင်းတွင်) ၎င်းဒေတာအသုံးပြုမှုပမာဏဟာ ၁၂ဆခန့်ပင် ပိုမိုတိုးတက်ခဲ့ပါတယ်။ ထိုအချိန်အတွင်း roaming ပြုလုပ်ကာဖုန်းခေါ်ဆိုမှုနှုန်းဟာလည်း ၃ဆခန့် ပိုမိုတိုးတက်လာခဲ့ပါတယ်။
ဒီလေ့လာချက်ဟာ roaming charges များကို ပယ်ဖျက်လိုက်ခြင်းဟာ အောင်မြင်မှုကိုရရှိခဲ့တယ်လို့ ပြသနေတဲ့အချက်ပဲဖြစ်ပါတယ်။ ဥရောပသားများအနေနဲ့ သွားလာရင်းမှ မိမိတို့ရဲ့ mobile device များ ကို အချိန်ကာလကြာရှည်စွာအသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် EU ရဲ့ roaming ဈေးကွက်ဟာ ဆက်လက်ပြီးကောင်းမွန်စွာလုပ်ဆောင်လျှက်ရှိတာကိုလည်း ပြသပေးနေပါတယ်။ ပြည် တွင်းဈေးကွက်များတွင် roaming charges များကိုပယ်ဖျက်ပြီးနောက် ဈေးနှုန်းများမြင့်တက်လာခြင်း ကို စိတ်ပူနေရတဲ့အချက်ဟာလည်း တစ်ကယ်တမ်းတွင် ဖြစ်မလာခဲ့ပဲ ဥရောပနိုင်ငံများအတွင်း ပြည်တွင်းဖုန်းဝန်ဆောင်မှုဈေးနှုန်းများဟာကျဆင်းလာခဲ့ပါတယ်” ဟူ၍ ဒီဂျစ်တယ်ဈေးကွက်စီးပွားရေး နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာကိုယ်စားလှယ်တစ်ဦးဖြစ်သူ Marija Gabriel မှ ပြောကြားခဲ့ပါတယ်။
(Unicode)
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။