Cybersecurity specialists group Zimperium warned Android users about a malware masquerading itself as “System Update” app

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.4.2021 | “System Update” app တစ်ခုအယောင်ဆောင်ထားသော malware တစ်ခုအကြောင်းကို ဆိုက်ဘာလုံခြုံရေးပညာရှင်အဖွဲ့ Zimperium မှ Android အသုံးပြုသူများအား အသိပေးခဲ့ 

ဆိုက်ဘာလုံခြုံရေးပညာရှင်အဖွဲ့ Zimperium မှ Android အသုံးပြုသူများအား “System Update” app အယောင်ဆောင်ထားသော malware အား install ပြုလုပ်မိခြင်းမှရှောင်ရှားနိုင်ရန်အတွက် Blog post တစ်ခုတွင် ရေးသား၍ အသိပေးခဲ့ပါတယ်။ 

အဆိုပါ app ကို device များပေါ်တွင် install ပြုလုပ်မိခဲ့ပါက SMS message များ၊ clipboard data များ၊ Credit Card အချက်အလက်များနဲ့ တစ်ကိုယ်ရေအချက်အလက်များ၊ အရေးကြီးသောအချက်အလက်များကို အသုံးပြုနေသူများရဲ့ ဖုန်းနဲ့ tablet များပေါ်မှ ခိုးယူသွားနိုင်တဲ့အပြင် ဖုန်းကင်မရာများနဲ့ mic များကို hijack ပြုလုပ်၍ device ပိုင်ရှင်များကို စောင့်ကြည့်မှုများပြုလုပ်နိုင်ကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။ 

အဘယ်ကြောင့်ဆိုသော် အဆိုပါ app ဟာ Remote Access Trojan (RAT) ဟုခေါ်သော malware တစ်ခုဖြစ်ပြီး ထိုအရာက အသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို သူတို့ရဲ့ ပင်မဆာဗာသို့ ပြန်လည်ပေးပို့နိုင်စွမ်းရှိတဲ့အတွက် နောက်ကွယ်မှကြိုးကိုင်နေသူအနေနဲ့ device ပိုင်ရှင်များရဲ့အကြောင်း များစွာသောအချက်အလက်များကို သိရှိသွားနိုင်လို့ပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။