Crypto exchange BitMart lost US$ 150 million after massive security breach

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.12.2021 | ကြီးမားတဲ့ လုံခြုံရေးကျိုးပေါက်မှုတစ်ခုကြောင့် Crypto exchange BitMart တွင် ကန်ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိ Cryptocurrency များဆုံးရှုံးခဲ့ရ

Crypto-currency exchange တစ်ခုဖြစ်တဲ့ BitMart တွင် လုံခြုံရေးကျိုးပေါက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကန်ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိ cryptocurrency များကို ခိုးယူခြင်းခံခဲ့ရကြောင်း BBC News မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၅ ရက်နေ့) တွင် ငွေကြေးထုတ်ယူမှုများကို ယာယီပိတ်သိမ်းခဲ့ရပြီး ၎င်းတို့ရဲ့ ကြေငြာချက်အရ Hacker များဟာ ကန်ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိ Crypto ပိုင်ဆိုင်မှုများကို ခိုးယူရရှိလာတဲ့ private key ကို အသုံးပြု၍ ထုတ်ယူသွားခဲ့ကြောင်း သိရှိရပါတယ်။ 

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Sheldon Xia ကတော့ “BitMart တွင် ETH (ether) hot wallet များနှင့် BSC (Binance Smart Chain) hot wallet များတွင် ကြီးမားတဲ့လုံခြုံရေးကျိုးပေါက်မှုတစ်ရပ်ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်” ဟူ၍ ပြောဆိုခဲ့ပြီး အခြားသော wallet များကတော့ ပုံမှန်အတိုင်းလုံခြုံမှုရှိပြီး ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။