Court show-down between Trump Administration and TikTok?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.8.2020 | Trump အစိုးရနဲ့ TikTok တို့ တရားရုံးတွင် ရင်ဆိုင်ကြတော့မည်လော? 

ကမ္ဘာ့အကြီးဆုံး စီးပွားရေးဈေးကွက်နှစ်ခုအကြား တင်းမာမှုတွေမြင့်တက်လာတာနဲ့အမျှ သမ္မတကြီး Donlad Trump ကတော့ ဩဂုတ်လ ၆ရက်နေမှာ အမိန့်စာတစ်ခုကိုလက်မှတ်ထိုးပြီးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမိန့်စာ တွင် အမေရိကန်နိုင်ငံသားများကို TikTok ကိုဖန်တီးသူကုမ္ပဏီဖြစ်တဲ့ ByteDance နဲ့ ဆက်ပြီးအလုပ်မလုပ်ဖို့အတွက် အချိန် ၄၅ရက်ပေးထားခဲ့ပါတယ်။ 

ယခုအခါတွင်တော့ ဒီရေပန်းစားနေတဲ့ တရုတ် video app တစ်ခုဖြစ်တဲ့ TikTok က သူတို့ဟာ Trump အစိုးရကို လာမည့်စနေနေ့တွင် တရားရုံးမှတဆင့်ထိပ်တိုက်ရင်ဆိုင်သွားမည်ဟူ၍ ပြောကြားခဲ့ပါတယ်။ “ဥပဒေရဲ့စည်းမျဉ်း များကိုအလွဲသုံးစားမလုပ်ဖို့နဲ့ ကျွန်ုပ်တို့ကုမ္ပဏီနဲ့ အသုံးပြုသူများအားလုံးကို မျှမျှတတဆက်ဆံခံရဖို့အတွက် ဒီအမိန့်စာကို တရားရေးဆိုင်ရာစနစ်မှတဆင့် ဆန့်ကျင်ဖို့ကလွဲပြီးအခြားမရှိတော့ပါဘူး။” “ကျွန်ုပ်တို့အနေနဲ့ Trump အစိုးရ စိတ်ပူနေတဲ့အရာများဟာဖြစ်မလာနိုင်ဘူးဆိုတာကို သိနေသော်လည်း တစ်နှစ်ခန့်ကြာအောင်း ကျွန်တော်တို့ဟာ သဘောရိုးနဲ့ ချည်းကပ်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့် ဖြေရှင်းမှုတစ်ရပ်ကိုလည်းပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ByteDance မှ ပြောဆိုခဲ့ပါတယ်။ 

“ဒါပေမယ့် ကျွန်တော်တို့ကြုံခဲ့ရတာက သေချာစွာစစ်ဆေးမှုမရှိပဲ၊ Trump အစိုးရဟာ အချက်အလက်တွေကို စိတ်မဝင်စားပဲ သူတို့ကိုယ်သူတို့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများရဲ့အကြား ကြားဝင်စွက်ဖက်နိုင်ဖို့ကိုကြိုးပမ်းနေတာပါပဲ” ဟူ၍လည်း သူတို့က ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း Trump ကတော့ TikTok ကို တရုတ်အစိုးရကအသုံးပြုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ထမ်းများရဲ့ တည်နေရာကိုသိရှိနိုင်ရန်၊ လူတွေကို ခြိမ်းခြောက် ငွေညှစ်နိုင်ရန် သတင်းအချက်အလက်များစုဆောင်းခြင်းတို့နဲ့ သတင်းအချက်အလက်များကိုခိုးယူခြင်းတို့ကိုလုပ်ဆောင်နေနိုင်တယ်ဟူ၍ဆက်လက်ယုံကြည်နေဆဲပဲဖြစ်ပါ 
တယ်။  
 

(Unicode)




 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။