Clubhouse Is Preparing To Launch Their Android App Globally

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.5.2021 | Clubhouse ရဲ့ Android App ကို Global လွှင့်တင်ပေးနိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိ

Voice Social Network တစ်ခုဖြစ်တဲ့ Clubhouse ဟာ သူတို့ဝန်ဆောင်မှုရဲ့ Beta Version ကို အမေရိကရှိ အသုံးပြုသူများအတွက် Android ပေါ်တွင်လွှင့်တင်ပေးခဲ့အပြီး ရက်အနည်းငယ်အကြာတွင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (မတ်လ၊ ၁၈ရက်နေ့၊ ၂၀၂၁) က သူတို့ရဲ့ Android app ကို တစ်ကမ္ဘာလုံးမှအသုံးပြုနိုင်ရန်အတွက် ယခုတစ်ပတ်အတွင်း လွှင့်တင်ပေးတော့မှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

A16z, Tiger Global နှင့် DST Global တို့မှ ပူးပေါင်းထောက်ပံ့ပေးခဲ့တဲ့ အဆိုပါ startup ဟာ ယခုအခါတွင် ကန်ဒေါ်လာ ၄ ဘီလျံခန့်တန်ကြေးရှိနေခဲ့ပြီး ထိုအရာကို ဂျပန်၊ ဘရာဇီးနှင့် ရုရှားနိုင်ငံများတွင် ယခုတစ်ပတ် အင်္ဂါနေ့တွင် Android app အနေနဲ့ထုတ်လွှင့်ပေးတော့မှာဖြစ်ပြီး နိုင်ဂျီးရီးယားနှင့် အိန္ဒိယနိုင်ငံများတွင်တော့ နောက်ထပ် ၃ ရက်အကြာတွင်နှင့် ကျန် ကမ္ဘာ့နေရာအသီးသီးသို့ သောကြာနေ့ နေ့ခင်းပိုင်းတွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Clubhouse ကို ယခင်က iPhone သီးသန့် app တစ်ခုအနေနဲ့ မနှစ်က စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း အတန်အသင့်ရေပန်းစားလာခဲ့ပြီး နာမည်ကြီး Celebrity အချို့၊ နိုင်ငံရေးသမားများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အသုံးပြုလာကြရန်အတွက် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။