Chinese Battery Giant CATL Plans for Private Share Placement to Improve Battery Technology

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.8.2021 | တရုတ်ဘက်ထရီထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CATL ဟာ ဘက်ထရီနည်းပညာပိုမိုတိုးတက်အောင် ပြုလုပ်ဖို့အတွက် ပုဂ္ဂလိကရှယ်ယာများရောင်းချပြီး ဘဏ္ဍာငွေရှာဖွေရန် စီစဉ်လျှက်ရှိ 

Reuters မှ သတင်းတစ်ပုဒ်အရ တရုတ်ဘက်ထရီကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CATL မှ ၎င်းတို့ဟာ ပုဂ္ဂလိကရှယ်ယာများရောင်းချပြီး ယွမ်ငွေ ၅၈.၂ ဘီလျံ (ကန်ဒေါ်လာ ၈.၉၈ ဘီလျံ) ကိုရှာဖွေရန်စီစဉ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ အဆိုပါငွေကြေးများကို ၎င်းတို့ရဲ့ lithium-ion ဘက်ထရီထုတ်လုပ်မှုအား ပိုမိုတိုးတက်မှုရှိလာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်သွားမည့် ပရောဂျက် ၆ ခုအား ပြန်လည်ထောက်ပံ့သွားမှာဖြစ်ပါတယ်။ 

Ningbo ပြည်နယ်အခြေစိုက် CATL ကုမ္ပဏီကြီးရဲ့ အဆိုပါရံပုံငွေရှာဖွေရေးလုပ်ဆောင်ချက်ဟာ တရုတ်နိုင်ငံနှင့် ဂျာမဏီနိုင်ငံရှိ သူတို့ရဲ့ ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံ Fijian, Zhejiang နှင့် Guangdong ပြည်နယ်များတွင် ဘက်ထရီစက်ရုံများတည်ဆောက်ခြင်းနှင့် အမြတ်ငွေတိုးပွားမှု ရှိစေရေးတို့တွင် အသုံးပြုသွားမှာဖြစ်ကြောင်းကို CATL မှ ပြီးခဲ့တဲ့ကြာသပတေးနေ့ (ဩဂုတ်လ ၁၂ ရက်နေ့) တွင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တစ်ခုလုံးဟာ လျှပ်စစ်ယာဉ်များထုတ်လုပ်ရေးထံသို့ ဦးတည်လာပြီဖြစ်တဲ့အတွက် ရရှိလာတဲ့ဘဏ္ဍာငွေများကို စွမ်းအင်သိုလှောင်မှုစက်ရုံများတွင်အသုံးပြုနိုင်မည့် ဘက်ထရီနည်းပညာအသစ်များကိုရှာဖွေရန်လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ ယခုအခါ CATL ဟာ လျှပ်စစ်ကားများတွင် အသုံးပြုသည့် ဘက်ထရီများကို နာမည်ကျော်မော်တော်ကားထုတ်လုပ်သူများဖြစ်တဲ့ Tesla, Volkswagen နှင့် Geely ကုမ္ပဏီများသို့ ထောက်ပံ့ရောင်းချပေးလျှက်ရှိနေပါတယ်.  

Photo source: https://findbyplate.com

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။