Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
The Financial Times မှ သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံအာဏာပိုင်များဟာ Alipay ရဲ့ ချေးငွေလုပ်ငန်းအတွက် သီးသန့် app တစ်ခုဖန်တီးရန်နှင့် ချေးငွေလုပ်ငန်းအသစ်တစ်ခုအား တရုတ်နိုင်ငံပိုင် Joint-Venture လုပ်ငန်းအဖြစ်လုပ်ကိုင်ရန်အတွက် အသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို အပ်နှံရန် အမိန့်ပေးခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါသတင်းကို Reuters မှ ပြီးခဲ့တဲ့အပတ်အတွင်းက ရရှိခဲ့ပြီး ထိုအစီအစဉ်အရ အသုံးပြုသူပေါင်း ၁ ဘီလျံခန့်ရှိနေသော Alipay အနေနဲ့ သုံးစွဲသူများရဲ့ ငွေကြေးခိုင်မာမှုရှိ၊ မရှိကို ကုမ္ပဏီအတွင်းတွင် စစ်ဆေးမှုပြုလုပ်နိုင်တော့မှာမဟုတ်ပဲ အခြားသောပြင်ပရှိ credit score များအပေါ်မှီခိုအားထားမှု ပြုလုပ်ရတော့မှာဖြစ်ပါတယ်။
အဆိုပါအပြောင်းအလဲကို နည်းပညာကုမ္ပဏီများရဲ့ ဈေးကွက်အုပ်စိုးမှုအား တိုက်ဖျက်နိုင်ရန်အတွက်ဟုဆိုကာ တရုတ်နိုင်ငံအာဏာပိုင်များက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း Alibaba ရဲ့ တည်ထောင်သူ Jack Ma မှ တရုတ်နိုင်ငံအာဏာပိုင်များကို ပွင့်လင်းစွာဝေဖန်မှုပြုလုပ်ခဲ့တဲ့အတွက် Ant Group ရဲ့ ဟောင်ကောင်နှင့် ရှန်ဟိုင်းမြို့များတွင် ပြုလုပ်မည့် ကန်ဒေါ်လာ ၃၄ သန်းတန် ရှယ်ယာရောင်းချမှုအစီအစဉ်ကို အချိန်ကပ်၍ ဖျက်သိမ်းမှုပြုလုပ်ခဲ့ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။