China passes new privacy law aimed at protecting users’ personal data

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.8.2021 | အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်လက်များကို ကာကွယ်နိုင်ရန်အတွက် Privacy ဥပဒေအသစ်တစ်ရပ်ကို တရုတ်နိုင်ငံတွင် ချမှတ်ခဲ့ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ရေးဆွဲထားသော Privacy ဥပဒေအသစ်တစ်ရပ်ကို ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများမှ သတင်းများအရ သိရှိခဲ့ရပါတယ်။ 

အဆိုပါဥပဒေအသစ်ကို ယခုအခါ နည်းပညာကုမ္ပဏီများအပေါ် တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုပြောင်းလဲသွားသည်နှင့်အညီ ကုမ္ပဏီများအနေနဲ့ အသုံးပြုသူများရဲ့အချက်အလက်များကို မည်သို့ ကိုင်တွယ်မှုပြုလုပ်သွားရမည်နှင့် ပတ်သက်ပြီး ဥပဒေအသစ်များချမှတ်ပေးခဲ့တာဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်မှုရှိလာတော့မှာဖြစ်ပါတယ်။ 

အဆိုပါ Personal Information Protection Law ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ က တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း စတင်ကြေငြာမှုပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါဥပဒေအရ ကုမ္ပဏီများအနေနဲ့ ကိုယ်ရေးအချက်အလက်များကို ကောက်ခံမှုမပြုလုပ်မှီတွင် အသုံးပြုသူများရဲ့ခွင့်ပြုချက်ကို ရယူဖို့လိုအပ်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင်ကုမ္ပဏီများအနေနဲ့ အသုံးပြုသူများရဲ့ အချက်အလက်များကို တရုတ်နိုင်ငံပြင်ပသို့ ပေးပို့ရန်လိုအပ်သည့်အခါ အဆိုပါအချက်အလက်များ ပေါက်ကြားမှုမရှိစေရေးအတွက် မည်သို့ကိုင်တွယ်သွားရမည်နှင့် ပတ်သက်၍လည်း ဥပဒေများကိုချမှတ်ပေးခဲ့ခြင်းနဲ့အတူ အခြားသောဥပဒေများကို သတ်မှတ်ပေးခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။