China launches iPhone and Android apps for its digital currency

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.1.2022 | တရုတ်အာဏာပိုင်များမှ ၎င်းတို့ထုတ်လုပ်လိုက်တဲ့ Digital ငွေကြေးအတွက် iPhone နှင့် Android app များကို စတင်ထုတ်လွှင့်ပေးခဲ့ 

South China Morning Post မှ သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံပိုင်အစိုးရဟာ e-CNY ဟုအမည်ပေးထားတဲ့ digital ယွမ်ငွေကို သိမ်းဆည်းရန်နှင့် ငွေပေးချေမှုများကို ပြုလုပ်ပေးနိုင်မည့် app တစ်မျိုးကို စတင်ထုတ်လွှင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါ ဒီဂျစ်တယ်ယွမ်ငွေဟာ cryptocurrency တစ်မျိုးမဟုတ်ပဲ ၎င်းကို တရုတ်ပြည်သူ့ဘဏ် (People’s Bank of China) မှ ထုတ်လုပ်ထားတာဖြစ်ပြီး ငွေစက္ကူများနှင့် အကြွေစေ့များကို အစားထိုးနိုင်ဖို့အတွက် ရည်ရွယ်၍ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ e-CNY ဟာ ဗဟိုမှထိန်းချုပ်မှုကင်းမဲ့သော decentralized payment တစ်ခုမဟုတ်သလို blockchain များကဲ့သို့ operate ပြုလုပ်သွားမှာလည်း မဟုတ်ပြန်ပါဘူး။ 

အဆိုပါ e-CNY များဟာ Bitcoin နှင့် အခြားသော cryptocurrency များကဲ့သို့ Decentralized currency မဟုတ်တဲ့အတွက် တူညီတဲ့ privacy လုံခြုံမှုလည်းရှိနေမှာမဟုတ်ပါဘူး။ ၎င်းဟာ “controlled anonymity” လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုဖြင့်အုပ်ချုပ်သွားမှာဖြစ်ပြီး - ဆိုလိုသည်မှာ အသုံးပြုသူများအနေနဲ့ တစ်ဦးနှင့်တစ်ဦး ငွေကြေးဖလှယ်မှုများကိုပြုလုပ်ရာတွင် မိမိတို့မည်သူမည်ဝါဆိုသည်ကို ထုတ်ဖော်ပြသခြင်းမပြုလုပ်ပဲထားနိုင်သော်လည်း အစိုးရအာဏာပိုင်များကတော့ အဆိုပါငွေကြေးဖလှယ်မှုများတွင် ငွေကြေးခဝါချမှုကဲ့သို့သော တရားမဝင်သည့်ကိစ္စရပ်များ ရှိ၊ မရှိကို စောင့်ကြည့်မှုများပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။