China-based AI company SenseTime Group re-launches their Hong Kong share sales

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.1.2022 | တရုတ်နိုင်ငံအခြေစိုက် AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ SenseTime Group ဟာ ၎င်းတို့ရဲ့ ဟောင်ကောင်တွင် ရှယ်ယာများရောင်းချမှုကို ပြန်လည်စတင်လုပ်ဆောင်လျက်ရှိ 

တရုတ်နိုင်ငံအခြေစိုက် artificial intelligence ကုမ္ပဏီတစ်ခုဖြစ်တဲ့ SenseTime Group ဟာ ၎င်းတို့ရဲ့ ကန်ဒေါ်လာ ၇၆၇ သန်းတန်ကြေးရှိ Hong Kong ဈေးကွက်တွင် ရှယ်ယာရောင်းချမှုများကို ပြန်လည်၍ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

ဒီကြေငြာချက်ကို ကုမ္ပဏီအတွင်းသို့ အမေရိကန်နိုင်ငံသားများမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကို တားမြစ်လိုက်ပြီးနောက် ၁ ပတ်အကြာတွင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ရှယ်ယာများကို Hong Kong Stock Exchange ဈေးကွက်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ရောင်းချသွားမှာဖြစ်ပါတယ်။ 

အမေရိကန်ဘဏ္ဍာရေးဌာနမှ SenseTime ကို “တရုတ်နိုင်ငံ စစ်တပ်နှင့်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများစာရင်း” တွင်ထည့်သွင်းခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံသားများကို အဆိုပါစာရင်းတွင် ပါဝင်နေသည့်လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံခွင့်ပိတ်ပင်လိုက်တဲ့အတွက် အဆိုပါ ရှယ်ယာများရောင်းချရန် စီစဉ်ထားသည့်ရက်ကို ၁ ပတ်ခန့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။