China bans 105 apps including TripAdvisor

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.12.2020 | တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ TripAdvisor အပါအဝင် App ပေါင်း ၁၀၅ ခုကို အသုံးပြုမှုပိတ်ပင်ခဲ့ 

တရုတ်နိုင်ငံဟာ ပြည့်တန်ဆာကိစ္စများ၊ လောင်းကစားနဲ့ အကြမ်းဖက်မှုများပပျောက်ရေး campaign တစ်ခုကိုဆောင်ရွက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ app ပေါင်း ၁၀၅ ခုကို App store များပေါ်မှ ဖယ်ရှားခဲ့ကြောင်း သတင်းများအရသိရှိခဲ့ရပါတယ်။ အသုံးပြုမှုပိတ်ပင်ခံရတဲ့ app အများစုဟာ တရုတ်ပြည်တွင်းဖြစ် app များသာဖြစ်သော်လည်း အဆိုပါစာရင်းတွင် TripAdvisor ဟာလည်း ပါဝင်လာခဲ့ပါတယ်။ 

တရုတ်နိုင်ငံ ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်မှုဌာနရဲ့ အဆိုအရတော့ အဆိုပါစာရင်းတွင် ပါဝင်လာခဲ့တဲ့ app များဟာ cyber-law ၃ ခုအနက်မှ အနည်းဆုံးတစ်ခုကို ချိုးဖောက်ထားလျှက်ရှိတယ်ဟူ၍ဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားလာခြင်းမရှိခဲ့တဲ့အတွက် ဘာကြောင့် TripAdvisor ဟာ အဆိုပါစာရင်းထဲတွင် ပါဝင်လာခဲ့သလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

လက်တလောဖြစ်ပွားနေတဲ့ အဖြစ်အပျက်များအရ အမေရိကန်နဲ့ တရုတ်အကြားရှိ တင်းမာမှုများဟာ cyber-space ပေါ်တွင် ဖြစ်ပွားလျှက်ရှိနေခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် အင်တာနက်အသုံးပြုမှုများကို လွန်စွာတင်းကြပ်မှုများရှိနေပြီး အမေရိကန်ကုမ္ပဏီများဖြစ်တဲ့ Google, Facebook နဲ့ Twitter တို့ကိုလည်း အသုံးပြုမှု ပိတ်ပင်ထားဆဲပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။