Channel Nine – An Australian TV Network was Cyberattacked

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.4.2021 | ဩစတေးလျနိုင်ငံရှိ Channel Nine TV Network အား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခံရ 

ဩစတေးလျနိုင်ငံရဲ့ Channel Nine TV Network အား ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များပျက်ပြားခဲ့ရကြောင်းသတင်းများထွက်ရှိလာပြီးနောက် ထိုအရာက ဩစတေးလျနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဟာ Hacker များရန်မှ ကောင်းမွန်စွာကာကွယ်နိုင်စွမ်းမရှိကြောင်း ပြောဆိုမှုများမြင့်တက်လာခဲ့ပါတယ်။ Nine ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တွင် Weekend Today အပါအဝင် TV အစီအစဉ်များစွာကို ထုတ်လွှင့်၍မရခဲ့ကြောင်းနဲ့ သူတို့အနေနဲ့ ယခုအခါတို့ အဆိုပါ Hacking ပြုလုပ်မှုဟာ “ရာဇဝတ်မှုကျူးလွန်သူများရဲ့ လက်ချက်လား ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုမှ တိုက်ခိုက်ခြင်းလား ဆိုသည်အား အဖြေရှာလျှက်ရှိနေကြောင်း” ပြောဆိုသွားခဲ့ပါတယ်။ 

ဩစတေးလျနိုင်ငံရဲ့ပါလီမန်လွှတ်တော်ဟာလည်း တစ်နေ့တည်းမှာပင် Canberra မြို့တွင်ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိနေပြီး လက်ထောက်ကာကွယ်ရေးဝန်ကြီး Andrew Hastie ရဲ့ ပြောဆိုချက်အရ “ပါလီမန်လွှတ်တော်အဆောက်အဦးအတွင်း email များဝင်ရောက်ကြည့်ရှုခြင်းနှင့် အခြားသောနည်းပညာပစ္စည်းများအသုံးပြုခြင်းအား ယခုအခါတွင်ကာကွယ်ရေးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြတ်တောက်ထားကြောင်း” သိရှိခဲ့ရပါသေးတယ်။

Mr. Hastie မှ ကျွန်တော်တော့မအံ့ဩတော့ပါဘူး “ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ဩစတေးလျနိုင်ငံဆိုက်ဘာလုံခြုံရေးအဖွဲ့သို့ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်းတိုင်ကြားစာပေါင်း ၆၀,၀၀၀ ခန့်ရရှိခဲ့ပြီး ပျမ်းမျှအားဖြင့် ဒါဟာ ၁၀ မိနစ်လျှင်တစ်ကြိမ်ဖြစ်ပွားနေတာကိုပြသနေပါတယ်။” ဟု၍ Nine သို့ ပြောဆိုခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။