Central Bank of China Announced Cryptocurrencies as Illegal

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.9.2021 | တရုတ်ပြည်သူ့ဗဟိုဘဏ်မှ Cryptocurrency (ဒီဂျစ်တယ်ငွေကြေး) များကို တရားမဝင်ကြောင်းကြေငြာခဲ့ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုဘဏ်မှ ဒီဂျစ်တယ်ငွေကြေး (cryptocurrency) များကို တရားမဝင်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ကကြေငြာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်အရ “Cryptocurrency များတွင် တရားဝင်အသိအမှတ်ပြုထားချက်များရှိမနေတဲ့အတွက် ဈေးကွက်အတွင်းတွင် ငွေကြေးပုံစံတစ်ခုအနေနဲ့ လည်ပတ်အသုံးပြု၍မရနိုင်ပါ” ဟူ၍ဆိုထားခဲ့ပါတယ်။

အဆိုပါကြေငြာချက်တွင် တရုတ်ပြည်သူ့ဗဟိုဘဏ်မှ bitcoin နှင့် အခြားသော virtual ငွေကြေးလွှဲပြောင်းမှုများဟာ နိုင်ငံ့စီးပွားရေးနဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး “ငွေကြေးခဝါချမှု၊ တရားမဝင်တဲ့ကိစ္စရပ်များကိုလုပ်ကိုင်ဖို့ အရင်းအနှီးရှာဖွေခြင်းနှင့် အခြားသောတရားမဝင်သည့် ရာဇဝတ်မှုများကို အားပေးသလိုဖြစ်နေကြောင်း ဆိုထားခဲ့ပါတယ်။  

တရုတ်နိုင်ငံအတွင်းရှိ Cryptocurrency အလွှဲအပြောင်းကိစ္စများကိုလည်း ယခုအခါတွင် ရာဇဝတ်မှုအဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းကိုလည်း ဗဟိုဘဏ်မှကြေငြာခဲ့ပြီး “Virtual ငွေကြေးလွှဲပြောင်းမှုများနှင့် Virtual ငွေကြေးနှင့် ဆက်စပ်နေသည့် အခြားသောတရားမဝင်ငွေကြေးကိစ္စများကို ပြည်သူ့ပိုင်ဆိုင်မှုများ၊ စီးပွားရေး ဘဏ္ဍာရေးအခြေအနေများကို ထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံအတွင်းတည်ငြိမ်မှုရှိစေရေးအတွက် တင်းကြပ်စွာကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။