CD Projekt Red announces a new Witcher game is in development

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.4.2022 | CD Projekt Red မှ Witcher game အသစ်တစ်ခုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ 

CD Projekt Red မှ Witcher franchise အတွက် အခန်းဆက်အသစ်တစ်ခု ပါဝင်လာမည့် Witcher game အသစ်တစ်ခုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေငြာမှုပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ ၂၀၁၅ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Mainstream title တစ်ခုဖြစ်တဲ့ The Witcher 3: Wild Hunt ကဲ့သို့ Mainstream title တစ်ခု ဖြစ်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

နောက်ထပ် သတင်းထူးတစ်ခုကတော့ ထွက်ရှိလာမယ့် အဆိုပါ Witcher ဂိမ်းအသစ်တွင် CD Projekt Red အနေနဲ့ Epic games နဲ့ “multi-year strategic partnership” ပြုလုပ်ခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ ၎င်းတို့ လက်ရှိမှာအသုံးပြုနေတဲ့ REDengine graphic engine ကနေ Unreal Engine 5 ကို ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

ထိုသို့ partnership ပြုလုပ်ထားသော်လည်း - မကြာမှီထွက်ရှိလာမည့် Witcher game အသစ်ဟာ Epic Games Stores အတွက် သီးသန့် exclusive အနေနဲ့ ထွက်ရှိလာမှာတော့မဟုတ်ပဲ CD Projekt Red ဟာလည်း ၎င်းတို့ရဲ့ REDengine ကို အချို့သောလက်ရှိလုပ်ကိုင်နေဆဲ project များအတွက်နှင့် မကြာမှီပြုလုပ်သွားရန်ရှိသော Cyberpunk 2077 expansion အတွက်လည်း အသုံးပြုသွားဦးမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။