ByteDance rejected Microsoft and instead choose Oracle as their partner in the U.S.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.9.2020 | ByteDance က အမေရိကန်နိုင်ငံအတွင်း သူတို့ရဲ့လက်တွဲဖော်အဖြစ် Oracle ကိုရွေးချယ်ပြီး Microsoft ကိုငြင်းဆိုခဲ့

TikTok ကို ပိုင်ဆိုင်သူကုမ္ပဏီဖြစ်တဲ့ ByteDance က အမေရိကန်နိုင်ငံတွင်း TikTok ရဲ့ လုပ်ငန်းတွေကို ရရှိ လုပ်ကိုင်နိုင်ဖို့အတွက် Microsoft ရဲ့ ကမ်းလှမ်းချက်ကိုငြင်းဆိုခဲ့ပြီး Oracle ကိုတော့ သူတို့ရဲ့ အမေရိကန်နိုင်ငံ တွင်း နည်းပညာဆိုင်ရာ လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

Microsoft ရဲ့ ပြောကြားချက်အရ “ByteDance က TikTok ရဲ့ အမေရိကန်နိုင်ငံအတွင်း လုပ်ပိုင်ခွင့်များကို ကျွန်တော်တို့ထံ ရောင်းချသွားမှာမဟုတ်ဘူးဆိုတာကို အသိပေးလာခဲ့ပါတယ်။” “ကျွန်တော်တို့ရဲ့ ကမ်းလှမ်း ချက်ဟာ TikTok အသုံးပြုသူတွေအတွက် အကျိုးရှိစေမှာဖြစ်ပြီး တစ်ချိန်တည်းမှာပင် အမျိုးသားလုံခြုံရေး အကျိုးစီးပွားကိုလည်း ကာကွယ်နိုင်စေမှာဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါတယ်။” ဟု Microsoft က ပြောကြားသွားခဲ့ပါတယ်။

သမ္မတ Donald Trump နဲ့အတူ ByteDance ရဲ့ အမေရိကန်နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံသူများကလည်း TikTok ရဲ့ အမေရိကန်နိုင်ငံအတွင်း လုပ်ကိုင်ခွင့်များကို Oracle က ရယူဖို့အတွက် ထောက်ခံကြောင်းကိုလည်း ပြသခဲ့ကြတဲ့အပြင် Oracle ဟာလည်း Trump အစိုးရနဲ့ ရင်းနှီးမှုရှိကြတဲ့အတွက် TikTok က ဒီအရာကိုလက်ခံလိုက်တာလည်းဖြစ်နေနိုင်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။