ByteDance Launched A New Division Which Sells TikTok Technology

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.7.2021 | TikTok ရဲ့ နည်းပညာများကို ရောင်းချရန်အတွက် ByteDance မှ ဌာနခွဲအသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ 

The Financial Times ရဲ့ သတင်းတစ်ပုဒ်အရ TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်သော ByteDance ဟာ TikTok ရဲ့ နည်းပညာများကို ဈေးနှုန်းသတ်မှတ်၍ရောင်းချရန်အတွက် BytePlus ဟုအမည်ရသော ဌာနတစ်ခုကိုဇွန်လကတည်းက စတင်၍ ဖွင့်လှစ်ခဲ့ပါတယ်။ 

BytePlus တွင် TikTok ရဲ့နည်းပညာများဖြစ်တဲ့ recommendation algorithm အပါအဝင် computer vision tech, real-time effect များနှင့် အလိုအလျှောက် ဘာသာပြန်ပေးနိုင်သည့် နည်းပညာများအပြင် အခြားသော လုပ်ဆောင်ချက်များစွာကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ 

ယခုအချိန်တွင်တော့ BytePlus ကို စင်္ကာပူနိုင်ငံတွင် အခြေစိုက်၍ဖွင့်လှစ်ထားပြီး ဟောင်ကောင်နှင့် လန်ဒန်မြို့များတွင်လည်း စတင်တွေ့ရှိနိုင်ပြီဖြစ်သလို အမေရိကန်နိုင်ငံအတွင်းတွင်လည်း မူပိုင်ခွင့်တင်နိုင်ရန်အတွက် ကြိုးပမ်းလျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။