British Scientists Developed A Celing-Mounted COVID Alarm

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.6.2021 | ဗြိတိန်ရှိ သိပ္ပံပညာရှင်များမှ မျက်နှာကျက်ပေါ်တွင်တပ်ဆင်နိုင်သည့် COVID ကူးစက်နေသူများရှိပါက အချက်ပေးနိုင်သော Alarm တစ်ခုအား တီထွင်နိုင်ခဲ့

Sunday Times တွင်ရေးသားထားသော သတင်းတစ်ပုဒ်အရ ဗြိတိန်ရှိသိပ္ပံပညာရှင်များဟာ COVID ရောဂါကူးစက်ခံထားရသည့် မည်သူ့ကိုမဆို ရှာဖွေဖော်ထုတ်နိုင်ပြီး ၁၅ မိနစ်အတွင်း အချက်ပေးနိုင်မည့် မျက်နှာကျက်ပေါ်တွင် တပ်ဆင်နိုင်သော Alarm Device တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ device ဟာ မီးခိုးအချက်ပြကိရိယာထက် အနည်းငယ်သာကြီးမားပြီး မြင့်မားတဲ့တိကျမှုရှိသော device တစ်ခုဖြစ်ကြောင်းကိုလည်း ရေးသားထားပြီး လေယာဉ်များ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် ရုံးခန်းများတွင် COVID ရောဂါကူးစက်ခံထားရသူများကို စစ်ဆေးဖော်ထုတ်နိုင်စေမည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်လာနိုင်ချေရှိနေပါတယ်။ 

လန်ဒန်မြို့ရှိ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဒေသဆေးဝါးပညာသင်ကျောင်းနှင့် Durham တက္ကသိုလ်တို့မှ ပြုလုပ်ခဲ့တဲ့ အစောပိုင်းလေ့လာမှုများတွင်တွေ့ရှိချက်များအရ အဆိုပါ device ဟာ တိကျမှုရာခိုင်နှုန်း ၉၈ - ၁၀၀% အထိရှိတဲ့အတွက် Gold-standard PCR lab-based COVID-19 စစ်ဆေးမှုများကဲ့သို့ အားထားယုံကြည်ရနိုင်ပြီး အများပြည်သူအတွက် စစ်ဆေးနိုင်ရန် ပမာဏများစွာ ထုတ်လုပ်ဖြန့်ဝေပေးထားတဲ့ Lateral Flow Test များထက်လည်း ပိုမို၍မြန်ဆန်စွာ စစ်ဆေးပေးနိုင်စွမ်းရှိနေပါတယ်။ 

အဆိုပါ device ရဲ့ အာရုံခံကိရိယာကိုတော့ Cambridgeshire မှကုမ္ပဏီတစ်ခုဖြစ်တဲ့ Roboscientific မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိနေသူများရဲ့ အရေပြားနှင့် အသက်ရှုထုတ်လိုက်သည့်အခါတွင် ထွက်ပေါ်လာသည့် chemical ဒြပ်ပေါင်းများကိုရှာဖွေဖော်ထုတ်ပေးနိုင်ရန် တီထွင်ထားခြင်းဖြစ်ပါတယ်။ ကြီးမားတဲ့အခန်းတစ်ခုအတွင်းရှိ လေထုအားစစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်အထိကြာမြင့်မှာဖြစ်ပြီး ရလာဒ်များကိုတော့ ချိတ်ဆက်ထားတဲ့ Mobile ဖုန်း (သို့) ကွန်ပြူတာထံသို့ တမုဟုတ်ချင်း ပေးပို့နိုင်စွမ်းရှိပါတယ်။ ရေးသားဖော်ပြထားချက်များအရ လက်ရှိအချိန်တွင် အဆိုပါအာရုံခံကိရိယာ၏ တန်ကြေးမှာ ဗြိတိန်ပေါင် ၅,၀၀၀ ခန့်ကျသင့်နိုင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။