Brazil is also considering making USB-C chargers mandatory for iPhones

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.7.2022 | Brazil နိုင်ငံဟာလည်း iPhone များတွင် USB-C အားသွင်းပေါက်များကို မဖြစ်မနေထည့်သွင်းပေးရန် အမိန့်ချမှတ်ဖို့ ထည့်သွင်းစဉ်းစားလျှက်ရှိနေ 

Brazil နိုင်ငံရဲ့ ဆက်သွယ်ရေးကြီးကြပ်မှုဌာန Anatel ဟာ နိုင်ငံအတွင်း ရောင်းချလျှက်ရှိနေတဲ့ smartphone အားလုံးရဲ့ အားသွင်းပေါက်များကို USB-C အမျိုးအစား အားသွင်းပေါက်များကိုသာအသုံးပြုရန် စည်းကမ်းချက်ရေးဆွဲဖို့ public consultation တစ်ခုကို စတင်ပြုလုပ်ခဲ့ပါတယ်။ 

ယခုအစောပိုင်းတွင် ဥရောပနိုင်ငံပေါင်းစုံအဖွဲ့ EU ကလည်း အဆိုပါကိစ္စနှင့်စပ်လျင်း၍ ဥပဒေထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်အမှီ smartphone များအပါအဝင် လျှပ်စစ်ပစ္စည်းများအားလုံးတွင် USB-C အမျိုးအစား အားသွင်းပေါက်များကိုသာ မဖြစ်မနေသုံးစွဲဖို့အတွက် အမိန့်ချမှတ်ခဲ့ပြီး အမေရိကတွင်လည်း အချို့သော ဒီမိုကရက်တစ်နိုင်ငံရေးသမားများက တူညီတဲ့အကြောင်းအရာအတွက် ဥပဒေထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျှက်ရှိနေပါတယ်။ 

USB-C အမျိုးအစား အားသွင်းပေါက်များဟာ Android ဖုန်းများအတွက်တော့ စံနှုန်းတစ်ခုဖြစ်နေပြီးသား ဖြစ်သော်လည်း ဒီဥပဒေဟာ USB-C iPhone များကို စမ်းသပ်ထုတ်လုပ်လျှက်ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာသေးသော်လည်း iPhone များအတွက် lightning အားသွင်းပေါက်ကိုသာ စံနှုန်းတစ်ခုအဖြစ် သုံးစွဲလျှက်ရှိနေသေးတဲ့ Apple ရဲ့ အပေါ်မှာတော့ များစွာ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။