BMW recalls ‘small number’ of i4 and iX electric vehicles over potential battery fires

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.8.2022 | BMW မှ i4 နှင့် iX လျှပ်စစ်ကားအချို့ကို ဘက်ထရီမှ မီးလောင်နိုင်ခြေရှိနေသောကြောင့် ပြန်လည်သိမ်းဆည်းမှု ပြုလုပ်ခဲ့ရ

BMW မှ ၂၀၂၂ ခုနှစ်ထုတ် i4 စီဒင်ကားနှင့် iX SUV ကားအချို့ကို ဘက်ထရီမှမီးလောင်နိုင်ခြေရှိနေတဲ့အတွက် ပြန်လည်သိမ်းဆည်းမှုပြုလုပ်ရန် အသိပေးစာများကိုဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ recall ပြုလုပ်ခြင်းအရ အသုံးပြုထားတဲ့ ဗို့အားမြင့်ဘက်ထရီများရဲ့ အတွင်းပိုင်းတွင် ထိခိုက်မှုများရှိနေနိုင်ပြီး လျှပ်စစ်ရှော့ဖြစ်ခြင်း ဖြစ်လာနိုင်ခြေရှိနေကြောင်း သိရှိရပါတယ်။ 

အဆိုပါပြန်လည်သိမ်းဆည်းမှုတွင် အမေရိကန်နိုင်ငံအတွင်းရောင်းချထားခဲ့သောကားများအနက် ၈၃ စီးသာပါဝင်ခဲ့တာဖြစ်ပြီး ယာဉ်ပိုင်ရှင်များကို အဆိုပါကားများအား မောင်းနှင်ခြင်းမပြုလုပ်ရန်နှင့် အဆိုပါကားများကို မီးလောင်နိုင်သော အဆောက်အအုံများနှင့် ယာဉ်များအနားတွင် ရပ်နားထားခြင်းမပြုလုပ်ရန်နှင့် အားသွင်းခြင်းမပြုလုပ်ရန် ညွှန်ကြားထားကြောင်းသိရှိရပြီး BMW ဘက်မှ ဘက်ထရီကို အခမဲ့လဲလှယ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

ဒီပြန်လည်ခေါ် ယူမှုဟာ ၂၀၂၂ ခုနှစ်ထုတ် BMW i4 ကားတစ်စီးဟာ ပြီးခဲ့တဲ့ဧပြီလကဖြစ်ပွားခဲ့သော မတော်တဆမှုတစ်ခု၍တွင် အင်ဂျင်နီယာများရဲ့ စစ်ဆေးတွေ့ရှိချက်အရ Cathode ရဲ့ အစများဟာ ဘက်ထရီ cell အတွင်းသို့ဝင်ရောက်နေတာကိုတွေ့ရှိခဲ့ရမှုအား BMW ဖက်မှ သိရှိခဲ့ပြီးနောက်တွင် ထိုကဲ့သို့ ပြန်လည်ခေါ်ယူမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။