BMW announce a new electric luxury sedan i7

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.5.2022 | BMW မှ i7 လို့အမည်ပေးထားတဲ့ luxury sedan လျှပ်စစ်ကားအသစ်ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကြေငြာ

BMW မှ i7 xDrive60 လို့အမည်ပေးထားတဲ့ 7 series luxury sedan လျှပ်စစ်ကားအသစ်ကို ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလျှပ်စစ်ကားဟာ မိုင်ပေါင်း ၃၀၀ အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၁၂၀,၂၉၅ ဖြင့် ရောင်းချပေးသွားမှာဖြစ်ကာ စိတ်ဝင်စားသော ဝယ်ယူလိုသူများအနေနဲ့ i7 ကို ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ကြိုတင်မှာယူမှုများပြုလုပ်၍ ရနေပြီဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းခန့်တွင် တင်ပို့ရောင်းချပေးသွားနိုင်ဖို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ်။ 

အနောက်ခန်းတွင် စီးနင်းလိုက်ပါမည့် passenger များအတွက် ကြီးမားတဲ့ 8K theater screen ထည့်သွင်းပေးထားခြင်းအပြင် အခြား နည်းပညာမြင့်မားသော လုပ်ဆောင်ချက်များစွာထည့်သွင်းထားတဲ့ BMW ရဲ့ i7 ကို BMW brand ရဲ့ ထိပ်တန်း luxury အမှတ်တံဆိပ်တစ်ခုဖြစ်လာဖို့ကိုလည်း ကုမ္ပဏီမှ မျှော်မှန်းထားကြောင်း သိရှိရပါတယ်။ 

i7 ဟာ Tesla ကို ဘက်ထရီရဲ့ စွမ်းဆောင်ရည်ခံနိုင်အားနှင့် မောင်းနှင်နိုင်မည့်အကွာအဝေးတို့တွင် ယှဉ်ပြိုင်နိုင်မှာမဟုတ်သော်လည်း လျှပ်စစ်မော်တာ ၂ ခုကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၅၃၆ ကောင်အားအင်ဂျင်ကိုတပ်ဆင်ထားတဲ့ i7 xDrive 60 ဟာ ၀ မှ ၆၀ mph သို့ ၄.၅ စက္ကန့်အတွင်း ရောက်ရှိနိုင်တာဖြစ်လို့ ကားရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ Tesla ရဲ့ လျှပ်စစ်ကားများကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။