Blue Origin’s Space Tour Launched on June 04

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.6.2022 | ဇွန်လ (၄) ရက်နေ့တွင် Blue Origin ရဲ့ အာကာသခရီးစဉ် စတင်ထွက်ခွာ

ပြီးခဲ့တဲ့အပတ်စနေနေ့ ဇွန်လ (၄) ရက်နေ့တွင် အာကာသလွန်းပျံယာဉ်ကုမ္ပဏီ Blue Origin က ၎င်းတို့ရဲ့ (၅) ခေါက်မြောက် အာကာသလေ့လာရေးခရီးစဉ်ကို စတင်ထွက်ခွာခဲ့ပြီး လူ (၆) ဦးပါဝင်တဲ့အဖွဲ့ကို အနောက်ဖက် Texas ပြည်နယ်မှ ကမ္ဘာ့အစွန်းပိုင်း အာကာသထဲသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ 

ကုမ္ပဏီဟာ ၎င်းတို့ရဲ့ ရက်တိုအာကာသခရီးစဉ်များကို ပိုမို၍ပြုလုပ်သွားရန် အပြောင်းအလဲများကို ပြုလုပ်နေပြီဖြစ်တဲ့အတွက် ဒီတခေါက်ခရီးစဉ်မှာတော့ နာမည်ကျော်ကြားသူ Celebrity များပါဝင်လာခြင်းမရှိပါဘူး။ 

မတ်လ (၃၁) ရက်နေ့တွင် Blue Origin မှ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ခရီးစဉ်တခုအပြီး (၂) လအကြာတွင် NS-21 လို့အမည်ပေးထားတဲ့ အဆိုပါခရီးစဉ်ကို ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်မှာတော့ အခကြေးငွေပေး၍ လိုက်ပါစီးနင်းသူ (၅) ဦးနဲ့ ကုမ္ပဏီဝန်ထမ်း (၁) ဦးတို့ ပါဝင်ခဲ့ပါတယ်။ Blue Origin မှ လိုက်ပါစီးနင်းသူဝန်ထမ်းတစ်ဦးကိုတော့ ဟာသလူရွှင်တော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ Pete Davidson မှ ခရီးစဉ်စီစဉ်ထားသည့်ရက် နောက်ဆုတ်လိုက်ရပြီးနောက် မအားလပ်တော့သည့်အတွက် ၎င်းတို့ရဲ့ နောက်ဆုံးထွက်ခွာတော့မည့်အချိန်မတိုင်မှီ အစားထိုးထည့်သွင်းပေးခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။