Blocking of 230 websites in Myanmar based on directive from the authorities

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.4.2020 | မြန်မာအစိုးရညွှန်ကြားချက်အပေါ်အခြေခံပြီးမြန်မာနိုင်ငံကဝက်ဘ်ဆိုဒ် ၂၃၀ ကိုပိတ်ပင်ခြင်း

ထုတ်ဝေ- မတ်လ ၃၀ ၂၀၂၀- နောက်ဆုံးသတင်းထုတ်ပြန်ချက်- ဧပြီ (၈)၂၀၂၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(MoTC)ကပိတ်ပစ်ရန်ညွှန်ကြားလာတဲ့ ဝက်ဘ်ဆိုက်ဒ် ၂၃၀ နဲ့ပတ်သက်ပြီးအချိန်ကာလနဲ့ပမာဏကိုဘယ်လောက်အထိပိတ်ရမလဲဆိုတာကိုတယ်လီနောနဲ့ MoTC တို့ဆက်လက်ဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။

မှတ်ချက်။    ။ ဒီထုတ်ပြန်ချက်ကမတ်လ(၃၁)ရက်နေ့၊၂၀၂၀ ခုနှစ်မှာ တယ်လီနောက လက်ခံရရှိခဲ့တဲ့ ထပ်မံညွှန်ကြားချက်အတိုင်း ဖြစ်ပါတယ်။

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) ကဆက်သွယ်ရေးဥပဒေပုဒ်မ (၇၇)အရစုစုပေါင်းဝက်ဘ်ဆိုက်ဒ် (၂၁၄၇)ခုကိုပိတ်ပစ်ဖို့ညွှန်ကြားချက် (၃)ခုကိုတယ်လီနောမြန်မာနဲ့တစ်ခြားအော်ပရေတာတွေက ၂၀၂၀ ခုနှစ်မတ် (၁၉)ရက်နေ့နဲ့(၃၁)ရက်နေ့ကြားမှာလက်ခံရရှိခဲ့ပါတယ်။

 

မြန်မာအစိုးရအာဏာပိုင်တွေရဲ့ပြောကြားချက်အရ ဒီဝက်ဘ်ဆိုဒ်တွေမှာ ညစ်ညမ်းအကြောင်းအရာတွေ၊ ကလေးလိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ခံရမှုတွေနဲ့သတင်းအမှားဖြန့်ချီတာတွေပါဝင်တယ်လို့သိရပါတယ်။

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုကဝက်ဘ်ဆိုဒ် (၁၉၁၇) ခုကိုပိတ်ပေးဖို့အလိုရှိနေပြီး

တယ်လီနောမြန်မာ ကလည်း လူ့အခွင့်အရေးဥပဒေ၊

နိုင်ငံတကာစံနှုန်းများနဲ့အညီအမြဲလိုလိုပိတ်ပေးခဲ့ပါတယ်။ တယ်လီနောဂရုဖ်ဟာ (၂၀၀၄)ခုနှစ်ကတည်းကစပြီး အွန်လိုင်းပေါ်မှာကလေးလိင်မဖွယ်မရာပြုလုပ်နေမှုတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး တက်တက်ကြွတိုက်ဖျက်ခဲ့ပါတယ်။ အခုပိတ်ပစ်ဖို့ညွှန်ကြားလာတဲ့ ဝက်ဘ်ဆိုဒ် (၂၃၀)ကို တယ်လီနောကစေ့စပ်သေချာစွာစစ်ဆေးမှာဖြစ်ပြီးအစိုးရရဲ့ကနဦးညွှန်ကြားချက်ကိုလိုက်နာရမည့်အပေါ်ဆုံးဖြတ်မှာဖြစ်ပါတယ်။ ညစ်ညမ်းအမျိုးအစားထဲမှာပါတဲ့ဝက်ဘ်ဆိုဒ် (၁၅၄) ခုကိုမတ်လ (၂၃)ရက်နေ့ကပိတ်ပစ်ခဲ့ပါတယ်။ သတင်းအမှားအမျိုးအစားထဲမှာအကျုံးဝင်တဲ့ဝက်ဘ်ဆိုဒ်တွေကိုပိတ်ပစ်ဖို့အစိုးရရဲ့မေတ္တာရပ်ခံချက်ကိုတော့တယ်လီနောမြန်မာကကနဦးအနေနဲ့မလိုက်နာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီဝက်ဘ်ဆိုဒ်တွေဟာ အစိုးရရဲ့ပြောကြားချက်နဲ့အညီတကယ်ပဲသတင်းအမှားဖြန့်ချီနေသလဲဆိုတာ ဥပဒေကြောင်းအရ လုံလောက်တဲ့အချက်အလက်မရသေးသောကြောင့်ဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာဝက်ဘ်ဆိုဒ် (၇၆) ခုပါဝင်ပါတယ်။

ဒါပေယ့်လည်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွေနဲ့ထပ်မံဆွေးနွေးပြီးရင်သတင်းအမှားတွေပြည်သူတွေကြားမှာပျံ့နေတာနဲ့ပတ်သက်လို့အစိုးရရဲ့ညွှန်ကြားချက်ကို မလိုက်နာရင် ဖြစ်လာမဲ့အတိုင်းအတာကိုလည်း တယ်လီနောက အကဲဖျက်ချင့်တွက်မှာဖြစ်ပါတယ်။ တယ်လီနောမြန်မာက၎င်းရဲ့ telecommunications ဝန်ဆောင်မှုလုပ်ငန်းကိုဆက်လက်လုပ်ဆောင်နေပြီးဝန်ဆောင်မှုပေးပြီးသားအရာတွေကိုပြောင်းလဲတာသို့မဟုတ် ခွဲထုတ်တာတွေလုပ်မှာ မဟုတ်ပါဘူး။

မြန်မာအစိုးရအာဏာပိုင်တွေကပိတ်ဖို့ညွှန်ကြားတဲ့ဝက်ဘ်ဆိုက်ဒ် (၂၃၀)ကို customer တွေနဲ့ဝင်ရောက်လို့ရမှာမဟုတ်ပါဘူး။ တယ်လီနောမြန်မာက ပွင့်ပွင့်လင်းတဲ့ဆက်သွယ်ရေးကို ယုံကြည်ပြီးဘယ်လိုအဆင်မပြေမှုမျိုးဖြစ်လာသည်ဖြစ်စေ မိမိ customer တွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်။

တယ်လီနောမြန်မာက ယခုလို COVID-19 ကပ်ရောဂါကူးစက်ပျံ့နှံနေတဲ့စိန်ခေါ်မှုများတဲ့ ကာလအတွင်းမြန်မာနိုင်ငံနဲ့အတူစည်းစည်းလုံးလုံးရပ်တည်နေပါတယ်။

လက်ရှိဖြစ်နေတဲ့ COVID-19  ဗိုင်းရပ်စ်ကပ်ရောဂါနဲ့ဆက်စပ်ပြီးသတင်းအမှားတွေန ဲ့ု ယုံတမ်းစကားတွေကိုကိုင်တွယ်ဖို့က ကပ်ရောဂါတိုက်ဖျက်ရေးမှာ အရေးကြီးတဲ့အပိုင်းက ပါဝင်တယ်ဆိုတာကို တယ်လီနောမြန်မာက အသိအမှတ်ပြုပါတယ်။ COVID-19 အကြောင်း ဘက်မလိုက်မျှတတဲ့ သတင်းအချက်အလက်တွေကိုလည်းတယ်လီနောမြန်မာကမြန်မာအစိုးရကိုဖြည့်ဆည်းပေးနေပါတယ်။ မြန်မာအစိုးရရဲ့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာဝက်ဘ်ဆိုဒ်မှာ တကိုယ်ရည်ကျန်းမာရေးကိုအလေးထားတဲ့ Campaign တွေ၊ လူလူချင်းအနီးကပ်ထိတွေ့မှုမရှိအောင်ခွဲနေဖို့ တွေစသဖြင့်ဖေါ်ပြပေးနေပြီး မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ COVID-19 အခြေအနေနဲ့ဆက်စပ်တဲ့အများပြည်သူသိသင့်တဲ့ သတင်းအချက်အလက်တွေကိုလူမှုမီဒီယာတွေပေါ်ကပါမျှဝေပေးနေပါတယ်။ တယ်လီနောကို subscribe လုပ်ထားသူတွေအတွက်တရားဝင်COVID- 19 နဲ့ပတ်သက်လို့MoHS ရဲ့တရားဝင်သတင်းအချက်အလက်တွေနဲ့ အတူပညာပေးအစီအစဉ်တွေကို မျှဝေနေပါတယ်။ နည်းမှန်လမ်းမှန် ကြိုတင်ကာကွယ်မှုတွေ၊ ရောဂါကာကွယ်ရန်တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအလေ့အထတွေ၊  လူချင်းခွဲနေဖို့အစီအစဉ်တွေကို ပို့ချပေးနေပါတယ်။ တယ်လီနောမြန်မာက COVID-19 အခြေအနေမြင့်တက်လာမှုနဲ့အတူ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို တစ်ခြားကူညီနိုင်မဲ့ နည်းလမ်းတွေကိုရှာဖွေလျက်ရှိပါကြောင်း။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။