Blockchain criminal activity accounts for only 1.1% of transactions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.3.2020 | Blockchain များကိုအသုံးချပြီး ရာဇဝတ်မှုကျူးလွန်ခြင်းများဟာ ငွေသားလွှဲပြောင်းမှုများရဲ့ ၁.၁% သာရှိပါတယ်

ပြစ်မှုကျူးလွန်သူများဟာ cryptocurrency (ဒီဂျစ်တယ်ငွေကြေး) များကို နောက်ကြောင်းလိုက်ကာရှာဖွေမရတဲ့ အတွက် နှစ်သက်ကြတယ်ဆိုတဲ့ ရာဇဝင်တွေဟာမှန်ကန်မှုမရှိပဲ ငွေသားလွဲပြောင်းပေးပို့မှုများရဲ့ ၁.၁% ကသာ ပြစ်မှုကျူးလွန်သူများနဲ့ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ 

သို့သော်လည်း ဒေါ်လာငွေကြေးတန်ဖို့သို့ပြောင်းလဲကြည့်လိုက်တဲ့အခါတွင်တော့ ၎င်းပမာဏဟာ အမေရိကန် ဒေါ်လာ ၁၁.၅ ဘီလျံထက်ပိုပြီး  လွန်ခဲ့သောနှစ်ထက် ၁၈၀% ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အခြားတစ် ဖက်တွင်မူ ၂၀၁၉ ခုနှစ်ကစတင်ပြီး blockchain များကိုအသုံးပြုပြီး ရာဇဝတ်မှုများကျူးလွန်ခြင်းဟာ ပိုမိုတိုး တက်လာခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာရိုက်ခတ်မှုများကြောင့် လိမ်လည်မှုများဟာ အဖြစ်အများဆုံး blockchain ကိုအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်ခြင်းတစ်မျိုးဖြစ်လာပါတယ်။ လိမ်လည်သူများဟာ အမေရိကန်ဒေါ်လာ 4.3 ဘီလျံခန့်တန်ဖိုးရှိသောငွေကြေးများကို သန်းနဲ့ချီတဲ့သားကောင်များထံမှ စုဆောင်းရရှိခဲ့ပြီး အလားတူပမာဏခန့် ကို ငွေကြေးခဝါချရန်အတွက် အခြားသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းတွေ့ရှိရပါတယ် (လိမ်လည်ခဲ့တဲ့ စုစု ပေါင်းပမာဏဟာ တန်ကြေး အမေရိကန်ဒေါ်လာ ၈.၆ဘီလျံရှိပါတယ်)။ သို့သော်လည်း ဒီအဖြစ်အပျက်ရဲ့ ရာခိုင်နှုန်းအတော်များများဟာ အကြီးစားလိမ်လည်လှည့်ဖျားမှု ပရိုဂရမ် ၂ခုကြောင့်ဖြစ်ပြီး ထိုအရာများကြောင့် သာမဟုတ်ခဲ့ပါက ရာဇဝတ်မှုများမှ ငွေကြေးလွှဲပြောင်းပေးပို့မှုပြုလုပ်ခြင်းများမှာ blockchain ပေါ်တွင်ရှိနေတဲ့ cryptocurrency အားလုံးရဲ့ ဝ.၄၆% သာရှိမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ၂၀၁၈ ခုနှစ်က အင်တာနက်ပေါ်မှပြစ်မှု ကျူးလွန်ခြင်းများနဲ့ ဆက်စပ်နေတဲ့ငွေကြေးလွဲပြောင်းပေးပို့မှုများထက်ပိုမိုနည်းပါးကာ ဝ.၅% (အမေရိကန်ဒေါ် လာ ၄ဘီလျံခန့်သာရှိတာဖြစ်ပါတယ်။ လွန်ခဲ့သော ၂နှစ်အတွင်း (BTC, ETH, LTC, BCH, uSdT, PAX, ZrX, BnB, oMG, uSdC, TuSd, dAI, WETH, HT, Gno နှင့် ZIL) ကဲ့သို့သော လူအများအသုံးပြုနေတဲ့ blockchain များရဲ့ မှောင်ခိုဈေးကွက်မှာမူ တရားမဝင် blockchain activity များရဲ့  ၁% အောက်သာရှိခဲ့ပါတယ်။ 

(Unicode)

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။