Bitcoin price passes $20,000, setting new record

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.12.2020 | Bitcoin ဈေးနှုန်းများ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာ 

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် Bitcoin တစ်ခုရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ရဲ့အထက်သို့ ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာပေါ်တွင်တန်ဖိုးအရှိဆုံး cryptocurrency တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ bitcoin ရဲ့ဈေးနှုန်းများဟာ တစ်ခါမှမကြုံဖူးခဲ့တဲ့အမြင့်ကို စံချိန်တင်ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

လက်ရှိဈေးကွက်အတွင်းလည်ပတ်နေတဲ့ Bitcoin များအားလုံးရဲ့ စုစုပေါင်းတန်ကြေးဟာတော့ အမေရိကန်ဒေါ်လာ ၃၈၀ ဘီလျံခန့်ရှိနေပြီဖြစ်ပြီး ယခုကဲ့သို့ Bitcoin တစ်ခုရဲ့တန်ဖိုးကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ အထက်သို့ရောက်ရှိသွားစေခဲ့သည်မှာ အဖြစ်အပျက်တစ်ခုတည်းရဲ့တွန်းအားကြောင့်တော့မဟုတ်ခဲ့ပါဘူး။ များစွာသောကုမ္ပဏီများ၊ သက်မွေးမှုပညာရပ်ကျောင်းများနဲ့ ချမ်းသာတဲ့သူများဖက်မှ Bitcoin ကို ရေရှည်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်တဲ့ အရာတစ်ခုအနေနဲ့ မြင်လာကြတာဖြစ်တဲ့အတွက် ဝယ်လိုအားများအဆမတန်တိုးပွားလာလို့ပဲဖြစ်ပါတယ်။ 

Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ MicroStrategy မှ လွန်ခဲ့သောလအနည်းငယ်အတွင်းကပင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာအကုန်အကျခံ၍ Bitcoin ကို ဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပြီး မကြာသေးမှီကပင် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ကို Bitcoin များဝယ်ယူဖို့အတွက် အသုံးပြုသွားမည်ဟု ကြေငြာခဲ့ပါတယ်။ Square မှလည်း ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အမေရိကန်ဒေါ်လာ သန်း ၅၀ ကို Bitcoin ဝယ်ယူရန်အတွက် အသုံးပြုခဲ့ပြီး PayPal မှလည်း Bitcoin ကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ လက်လီရောင်းချမှုအတွက် ရင်းနှီးမြှုပ်နှံသူများအတွက်ဈေးကွက်တစ်ခုကို တည်ဆောက်ပေးခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။