Bitcoin is waiting for the third halving. What can we expect from him?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.5.2020 | Bitcoin ဟာ third halving ဖြစ်လာဖို့ကို စောင့်မျှော်နေပါတယ်။ ထိုအရာမှ ကျွန်ုပ်တို့ဟာ ဘာကိုမျှော်မှန်း ၍ရနိုင်ပါသလဲ? 

Block 210,000 တိုင်းကို mine လုပ်ပြီးသောအခါတိုင်းတွင် တစ်ဝက်ဖြတ်တောက် ခြင်း (halving) ရှိပါသည်။ ထိုအရာသည် Bitcoin mining ပြုလုပ်သူတို့အား mine ပြုလုပ်ပြီးသည့် block အတွက် ပေးချေရသော အခကြေးငွေကို တစ်ဝက်လျှော့ချခြင်း ဖြစ်ပါသည်။

ထိုသို့ တစ်ဝက်လျှော့ချခြင်းမှ ဘယ်လိုအရာတွေကိုမျှော်လင့်ရပါသလဲ၊ ထိုအရာက Bitcoin အတွက် အကျိုး ရှိစေပါသလား၊ ရေရှည်တွင်လုပ်ဆောင်နိုင်မည်လားနှင့် ဘာကြောင့် Bitcoin ဟာ ထိုအရာကိုသာလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေရတာပါလဲ။ 

လက်ရှိဖြစ်လာမည့် halving ဟာ တတိယအကြိမ်ဖြစ်ကာ ထိုသို့ဖြစ်လာရန် block 800 သာလိုပါတော့သည်။ ထိုအရာက ထုတ်ယူလိုက်မည့် block တစ်ခု၏တန်ဖိုးကို 6.25 BTC သို့ပြောင်းလဲသွားစေမည်ဖြစ်ပြီး serial နံပါတ် 630,000 မြောက် block ကို ထုတ်ယူလိုက်ခြင်းဖြင့် ဖြစ်ပေါ်လာမည်ဖြစ်ကာ ထိုအရာသည် မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်ဖြစ်ပေါ်လာနိုင်ပါသည်။ ပထမအကြိမ် halving ပြုလုပ်ခြင်းဟာ နိုဝင်ဘာ ၂၉ရက်နေ့၊ ၂၀၁၂ ခုနှစ်တွင် 210,000 ခုမြောက် block နှင့်အတူဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်တုန်းကတော့ လူအများစုဟာ ထို ကိစ္စကို သိပ်အာရုံမထားခဲ့ကြပါဘူး။ 

Bitcoin အပေါ် အာရုံစိုက်မှုရှိသောအပိုင်းမှာ တစ်ဝက်ခန့်ဖြစ်ပြီး အခြားသောတစ်ဝက်မှာ supply shock သီအိုရီကို ထောက်ခံသူများနှင့် network ဟာ ထိုကဲ့သို့သော ထိုးနှက်မှုကိုခံနိုင်ပါ့မလားဟု စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသောအပိုင်းဖြစ်ပါသည် (ဆုကြေးများဟာ Bitcoin block တစ်ခုလျှင် ၅၀ မှ ၂၅ bitcoin သို့လျော့ကျသွားခဲ့ပါသည်) နောက်ပြီး miner များဟာလည်း ထိုအရာများကိုလုံးဝရောင်းချခြင်းမပြုလုပ်ကြ ပါဘူး။ ထိုအချိန်က bitcoin တစ်ခုရဲ့တန်ဖိုးဟာ 12$ ခန့်သာရှိပြီး အမြဲတမ်းဈေးကြီးနေမည်ဟု ယူဆရသော နောင်လာမည့်ကွန်ယက်နှင့်နှိုင်းစာလျှင် 40% ပိုမို၍ ဈေးသက်သာမှုရှိခဲ့ပါသည်။ 

 

Unicode





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။