Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Microsoft ရဲ့တည်ထောင်သူ Bill Gates က အမေရိကန်သမ္မတ Trump ရဲ့ ဒီနှစ်အစောပိုင်းက ခရီးသွားလာရေး ပိတ်ပင်မှုအပေါ် “ဒီပိတ်ပင်မှုကြောင့် အမေရိကန်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ ပိုဆိုးသွားနိုင်ခြေရှိတယ်ဟူ၍” ဝေဖန်ချက်ပေးခဲ့ပါတယ်။
စနေနေ့က Fox News နဲ့ အင်တာဗျူးတစ်ခုတွင် Gates က “ဒီပိတ်ပင်မှုကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေက နိုင်ငံအတွင်းသို့ အစောတလျှင်ပြန်လည်ရောက်ရှိလာကြမှာဖြစ်သော်လည်း သူတို့ပြန်ရောက်တဲ့ အချိန်မှာ လုံခြုံရေးလုပ်ဆောင်ချက်တွေ လုံလုံလောက်လောက်ရှိမနေတာကြောင့် ဒီဗိုင်းရပ်စ်ဟာ ဆက်လက်ပြီး ပြန့်ပွားနေဦးမှာပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။” “ဒီပိတ်ပင်မှုကို လုပ်ကိုင်ဆောင်ရွက်တဲ့ပုံစံအမှားတွေကြောင့်ပဲ ဒီရောဂါဆိုးကြီးရဲ့ပြန့်ပွားမှုကို ပိုမိုပြီးမြန်ဆန်သွားစေခဲ့တယ်ဟူ၍လည်း အဆိုပါအင်တာဗျူးအတွင်းတွင် Gates က ပြောဆိုသွားခဲ့ပါသေးတယ်။
ဒါဟာ အမေရိကန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှုအပေါ် Gates ဝေဖန်ခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက CBS News နဲ့အင်တာဗျူးတစ်ခုတွင်လဲ သူက “ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ရာမှာ ဆိုးရွားတဲ့အမှားတွေကို အစိုးရဖက်က လုပ်ခဲ့မိကြတယ်။” ဟူ၍ပြောဆိုသွားခဲ့ပြီး ဆိုင်တွေကို ပြန်ဖွင့်ခိုင်းလိုက်ခြင်းနဲ့ mask တပ်ဖို့ မလိုက်နာခြင်းတွေက အဓိကပြဿနာရပ်များထဲက ၂ခုပဲဖြစ်တယ်ဟူ၍ ပြောဆိုခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။