Benchmarks Reveals A14 Bionic is better than Snapdragon 888

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.12.2020 | စမ်းသပ်ချက်များအရ A14 Bionic ဟာ Snapdragon 888 ထက် ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိခဲ့ရ 

Apple မှ လွန်ခဲ့သော တစ်လခန့်အတွင်း သူတို့ရဲ့ A14 Bionic chipset ပါဝင်လာတဲ့ iPhone 12 စီးရီးများကို စတင်ထုတ်လုပ်ပေးခဲ့ပါတယ်။ ယခင်ကထုတ်လုပ်ခဲ့သော A13 Bionic chipset များဟာဆိုရင် ဈေးကွက်အတွင်းရှိ mobile processor အတော်များများထက်ပိုမိုမြန်ဆန်၍ စွမ်းဆောင်ရည်ကောင်းမွန်သော်လည်း ယခုအသစ်ပါဝင်လာတဲ့ A14 Bionic များဟာဆိုရင်တော့ဖြင့် စံချိန်အသစ်တင်ရလောက်အောင်ပင် Performance ပိုင်းမှာ ကောင်းမွန်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 

ကိန်းဂဏ္ဍန်းများအရတော့ Qualcomm ရဲ့ အသစ်ထွက်ရှိလာတော့မယ့် Snapdragon 888 ဟာတောင်မှ A14 ကိုလိုက်မမှီနိုင်ဘူးဟူ၍ ဆိုထားခဲ့ပါတယ်။ အစောပိုင်းစမ်းသပ်ချက်များအရမှာလည်း Qualcomm ရဲ့ Snapdragon 888 ဟာ Android ဖုန်းများအကြားတွင် အကောင်းဆုံးရမှတ်များကို ရရှိခဲ့သော်လည်း Apple ရဲ့ A14 Bionic နှင့် နှိုင်းယှဉ်လိုက်ပါက single နှင့် multi-core performance များတွင် ပိုမို၍ ရမှတ်နည်းနေခဲ့ပါတယ်။ 

Snapdragon 888 ဟာ Performance အပိုင်းမှာ Apple ရဲ့ A14 Bionic ကိုရှုံးနိမ့်ခဲ့ရုံတင်မကပဲ ယခင်နှစ်က ထုတ်လုပ်ထားတဲ့ A13 Bionic processor ကိုပါရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ သို့ပါသော်လည် Snapdragon 888 ဟာ ယခင်နှစ်က Qualcomm မှ ထုတ်လုပ်ခဲ့တဲ့ Snapdragon 865 နှင့် နှိုင်းစာလျှင်တော့ ပိုမို၍ ကောင်းမွန်တိုးတက်မှုရှိလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။