Bandwidth Vs Internet Speed…what’s the difference?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.6.2020 | Bandwidth နှင့် အင်တာနက်မြန်နှုန်းများ အကြား ဘာကွာသလဲ?

အင်တာနက်မြန်နှုန်းများနဲ့ bandwidth တို့အကြောင်းစဉ်းစားကြည့်လိုက်ရင် ထိုနှစ်ခုကို အမှတ်မှား ရောထွေးသွားဖို့ကလွယ်ကူလှပါတယ်။

အင်တာနက်မြန်နှုန်းဆိုတာဟာ သင့်ကိုဝန်ဆောင်မှုကုမ္ပဏီမှပေးထားတဲ့မြန်နှုန်း တစ်ခုဖြစ်ပါတယ် (ဥပမာ 5 Mbps)။ ထိုအရာဟာ သင့်အင်တာနက်ဘယ်လောက်ထိမြန်ဆန်မှုရှိမလဲဆိုတာနဲ့ လုံးဝ သက်ဆိုင်မှုမရှိပါဘူး။ တစ်ကယ်တမ်းတွင် အင်တာနက်မြန်နှုန်းဟာ latency ဟုခေါ်သည့်အရာနဲ့သာ သက်ဆိုင်မှုရှိနေတာဖြစ်ပါတယ်။

Satellite internet connection များအပါအဝင်၊ Internet connection များဟာ မြန်နှုန်းများကို ဥပမာအားဖြင့် “15 Mbps အထိရရှိနိုင်တယ်ဟူ၍ကြော်ငြာတတ်ကြပါတယ်။ သင့်အနေနဲ့ ဒီကဲ့သို့ offer ပြုလုပ်နေတဲ့ satellite internet connection တစ်ခုကိုကြည့်ရှုပြီး ဒီဟာကိုအသုံးပြုခြင်းက 15 Mbps cable internet connection ကိုအသုံးပြုရတာနဲ့အတူတူပဲဟူ၍ ထင်မြင်ယူဆသွားရင်တော့ သင်မှားသွားပါပြီ။

•          Bandwidth: Bandwidth ဆိုသည်မှာ အချိန်နှင့်အမျှ ဒေတာအချက်အလက်များကိုမည်မျှမြန်မြန် ဆန်ဆန်ပေးပို့နိုင်သလဲဆိုတဲ့ပမာဏကိုအဆုံးအဖြတ်ပေးသောအရာတစ်ခုဖြစ်ပါတယ်။ Bandwidth ဆိုသည်မှာ တစ်စက္ကန့်အတွင်း လွှဲပြောင်းပေးပို့နိုင်သောဒေတာပမာဏတစ်ခုဖြစ်ပါ တယ်။

•          Latency: Latency ဆိုသည်မှာ ကွာဟချိန်/ ကြာချိန်ဖြစ်ပါတယ်။ Latency ဆိုသည်မှာ ဒေတာအချက်အလက်များဟာ ပင်ရင်းနေရာမှ ပေးပို့လိုသည့်နေရာသို့ရောက်ရှိရန်ကြာနိုင်သည့် အချိန်ပမာဏဖြစ်ပြီး မီလီစက္ကန့်နှင့်တိုင်းတာကြပါတယ်။

Bandwidth နှင့် အင်တာနက်မြန်နှုန်း (internet speed) များကိုနားလည်သဘောပေါက်စေရန်

Bandwidth ကို ကားလမ်းမတစ်ခုအနေနဲ့မြင်ယောင်ကြည့်လိုက်ပါ။ ကားများ (data) များဟာ လမ်းရဲ့တစ်ဖက်တွင် တူညီတဲ့အမြန်နှုန်းနဲ့မောင်းနှင်နေကြပါတယ်။ အဆိုပါကားလမ်းမပေါ်တွင် ကားများများပိုဆန့်စေရန်အတွက် ကားလမ်းမကိုချဲ့ထွင်ရမှာဖြစ်ပါတယ်။ ဥပမာ - ၁ Mbps ဟာ ကားလမ်းမတစ်ခုနဲ့ညီမျှတယ်ဆိုပါစို့၊ သင်ဟာ 5 Mb အရွယ်အစားရှိတဲ့ ဓါတ်ပုံတစ်ပုံကို ဒေါင်းလုပ် ပြုလုပ်ဖို့ကြိုးစားနေပါက ထိုအရာကို download ပြုလုပ်ရန်အတွက် 5စက္ကန့်ကြာမြင့်ပါလိမ့်မယ်။ အကယ်၍သင့်ထံတွင် 5 Mbps (bandwidth) ရှိတဲ့ internet connection တစ်ခုရှိပါက ထိုသို့ပြုလုပ် ရန်ဘယ်လောက်ကြာမှာလဲ? ထိုသို့ပြုလုပ်ရန် တစ်စက္ကန့်သာ ကြာမြင့်တော့မှာဖြစ်ပါတယ်။

ဒီနေရာတွင်အရေးကြီးတဲ့၊ မှတ်သားထားသင့်တဲ့အချက်တစ်ခုဖြစ်ပြီး လူအများကိုရောထွေးစေတဲ့ အချက်ကတော့ 1 Mbps မှ 5 Mbps တွင် သင့်ရဲ့အင်တာနက်ဟာပိုမိုမြန်ဆန်လာတာမဟုတ်သလို၊ အင်တာနက်မြန်နှုန်းဟာလည်း သင့်ရဲ့ internet connection တစ်ခုတွင် ရှိနေတဲ့ bandwidth ပမာဏနဲ့ သက်ဆိုင်မှုရှိမနေပါဘူး။ သင်ဒေါင်းလုပ်ပြုလုပ်လိုက်တဲ့ဒေတာများ သင့်ထံသို့ မြန်ဆန်စွာရောက်ရှိလာခြင်းဟာ ပိုမိုများပြားသောဒေတာပမာဏကို တစ်ချိန်တည်းတွင်ပို့လွှတ်နိုင် လာလို့ပဲဖြစ်ပါတယ်။ ဒီဖြေရှင်းချက်ဟာ Bandwidth နဲ့ အင်တာနက်မြန်နှုန်းများအကြားရောထွေးမှု ကို ရှင်းလင်းအောင်ဖြေရှင်းနိုင်ပါသလား?

အချုပ်အားဖြင့်ဆိုသော်

အင်တာနက်မြန်နှုန်းများနဲ့ bandwidth တို့အကြားခြားနားချက်ကို စာကြောင်းတစ်ကြောင်းတည်းနဲ့ အတိုချုံးဖော်ပြရရင်တော့ internet bandwidth ဆိုသည်မှာ တစ်ချိန်တည်းတွင် သင့်ရဲ့ကွန်ပြူတာမှ download (သို့) upload ပြုလုပ်နိုင်တဲ့ ဒေတာပမာဏတစ်ခုဖြစ်ပြီး၊ Internet speed (အင်တာနက်မြန်နှုန်း) ဟာတော့ ထိုသို့ upload (သို့) download ပြုလုပ်ရတဲ့ ကြာချိန်ပဲဖြစ်ပါတယ်။ ဒီအချက်အလက်လေးဟာ စာဖတ်သူတို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။

 

(Unicode)











 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။