Audi is bringing 5G connectivity to its vehicles in 2024

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.3.2022 | Audi ကားကုမ္ပဏီမှ ၎င်းတို့ရဲ့ယာဉ်များကို ၂၀၂၄ ခုနှစ်တွင် 5G ကွန်ယက်တပ်ဆင်ပေးသွားမည်ဟု ကြေငြာ

အမေရိကန်ရှိ Audi ကားကုမ္ပဏီနှင့် Verizon တို့ အကျိူးတူပူးပေါင်း၍ ၂၀၂၄ ခုနှစ်အမှီ 5G ကွန်ယက်ကို Audi ရဲ့ကားများသို့ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း ကြေငြာမှုတစ်ခုကိုပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်။ 

ထိုသို့ပိုမိုကောင်းမွန်လာတဲ့ကွန်ယက်ကြောင့် ပိုမိုကောင်းမွန်တဲ့ software စွမ်းဆောင်ရည်၊ navigation ပြုလုပ်နိုင်မှုစွမ်းရည်နှင့် အသံနှင့် ရုပ်ရှင်များကို ပိုမိုမြန်ဆန်စွာ streaming ပြုလုပ်နိုင်စွမ်းတို့ကို ရရှိလာမှာပဲဖြစ်ပါတယ်။ 

Audi နှင့် Verizon တို့ရဲ့ ပြောကြားချက်အရ 5G Ultra Wideband နည်းပညာကို Audi ကားများသို့ ဆောင်ကြဉ်းပေးနိုင်ဖို့အတါက် အစီအစဉ်များရေးဆွဲလျှက်ရှိနေပြီး ၂၀၂၄ ခုနှစ်ထုတ် ကားမော်ဒယ်များမှ အစပြု၍ 5G ကွန်ယက်တပ်ဆင်မှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်လာတဲ့ connection ဟာ လုပ်ဆောင်ချက်အသစ်များဖြစ်တဲ့ “augmented mobile service များ၊ driver-assistance လုပ်ဆောင်ချက်အသစ်များနှင့် connectivity-enabled တီထွင်ဆန်းသစ်မှုအသစ်များကို Audi ရဲ့ အနာဂါတ်တွင်ပြုလုပ်လာနိုင်မှာဖြစ်တယ်” လို့လည်း ပြောကြားခဲ့ကြပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။