AT&T and Discovery are planning for an alliance to face with the likes of Netflix and Disney+

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.5.2021 | AT&T နှင့် Discovery တို့ပူးပေါင်း၍ Netflix နှင့် Disney+ ကဲ့သို့သောပြိုင်ဘက်များနှင့် ရင်ဆိုင်နိုင်ရန် စီစဉ်လျှက်ရှိ 

AT&T နှင့် Discovery တို့ဟာ ပုံမှန်အားဖြင့် မီဒီယာလောကတွင် ပြိုင်ဘက်များဖြစ်ခဲ့သော်လည်း ယခုအခါ Streaming ဝန်ဆောင်မှုလုပ်ငန်းပိုင်းတွင် ပိုမို၍နေရာရယူနိုင်ရန်အတွက် Alliance တစ်ခုကို တည်ဆောက်သွားရန်ရှိနေပါတယ်။ 

Bloomberg ရဲ့ သတင်းများအရ အဆိုပါကုမ္ပဏီ ၂ ခုဟာ သူတို့ရဲ့ “Content Asset” များကို ပေါင်းစည်းနိုင်ရန် ဆွေးနွေးမှုများကို ပြုလုပ်လျှက်ရှိနေပြီး Disney+ နှင့် Netflix ကဲ့သို့သော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိနေကြောင်း ဆိုထားခဲ့ပါတယ်။ 

AT&T နှင့် Discovery တို့အကြား Content များကို ပေါင်းစည်းခြင်းဟာ ပုံမှန်ဖြစ်နေကျအရာတစ်ခုမဟုတ်ပေမယ့် လက်ရှိမီဒီယာလောကရဲ့ချိန်ခွင်အနေအထားကို ထည့်သွင်းစဉ်းစားကြည့်ပါက ဒါဟာဖြစ်လာနိုင်ချေရှိနေပါတယ်။ HBO Max ဟာ မျှော်မှန်းထားသည်ထက်ပိုမိုမြန်ဆန်စွာ ကြီးထွားလာလျှက်ရှိသော်လည်း Netflix ကဲ့သို့သော ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လိုက်ပါက အနည်းငယ်လိုအပ်နေဆဲပဲဖြစ်ပါတယ်။ 

အဆိုပါကုမ္ပဏီနှစ်ခုအကြား ၂ဦးသဘောတူ ပူးပေါင်းဆောင်ရွက်မှုများသာ အမှန်တကယ်ဖြစ်လာခဲ့ပါက Discovery ကိုလည်း အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိသေးပဲ ဒီလိုမျိုးအမှန်တကယ်ဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။